ဘာစီလိုနာအသင်းနည်းပြ ဆယ်တီယန်က မိမိတို့အနေဖြင့် လာလီဂါလက်ကျန်ပွဲစဉ်တိုင်းကို အနိုင်ရရန် ခက်ခဲမည်ဟု ဝန်ခံခဲ့သည်။
ဘာစီလိုနာအသင်းနည်းပြ ဆယ်တီယန်က မိမိတို့အနေဖြင့် လာလီဂါလက်ကျန်ပွဲစဉ်တိုင်းကို အနိုင်ရရန် ခက်ခဲမည်ဟု ဝန်ခံခဲ့သည်။
ဘာစီလိုနာအသင်းသည် လာလီဂါပွဲစဉ် (၂၉)အပြီးတွင် ရမှတ် (၆၄)မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေပြီး ဒုတိယနေရာမှ ရီးယဲလ်မက်ဒရစ်အသင်း (၆၂ မှတ်)နှင့် (၂)မှတ်သာ ကွာဟသည်။
ဘာစီလိုနာအသင်းအနေဖြင့် လာလီဂါလက်ကျန် (၉)ပွဲတွင် ပွဲတိုင်း အနိုင်ရပါက ရီးယဲလ်အသင်း၏ ရလဒ်ကို ကြည့်စရာမလိုဘဲ ဗိုလ်စွဲမည်ဖြစ်သော်လည်း ဆယ်တီယန်က ပွဲတိုင်းအနိုင်ရရန် ခက်ခဲမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆယ်တီယန်က "လက်ကျန် (၉)ပွဲမှာ (၂၇) မှတ် ရဖို့က အရမ်းခက်ခဲမှာပါ။ ကျွန်တော်တို့အသင်းအနေနဲ့ လုပ်နိုင်စွမ်း ရှိပေမယ့် ခက်ခဲမှာတော့ သေချာပါတယ်။ ကျွန်တော်တို့အနေနဲ့ လာလီဂါပွဲတွေ ပြန်ကစားပြီးနောက်မှာ (၂)ပွဲကစား၊ (၂)ပွဲစလုံး နိုင်ထားသလို၊ (၆)ဂိုး သွင်းယူနိုင်ခဲ့ပြီး ပေးဂိုး မရှိပါဘူး။ ဒါက အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်ပါ။ ဒါပေမဲ့ လက်ကျန် (၉) ပွဲစလုံးမှာ အမှတ်ပြည့်ရဖို့က အရမ်းခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ ဖြစ်နိုင်ခြေတော့ ရှိပါတယ်"ဟု ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် ယနေ့ (မြန်မာစံတော်ချိန် စနေနံနက် ၂:၃၀ နာရီ)တွင် အမှတ်ပေးဇယား တတိယနေရာမှ ဆီဗီလာအသင်း(၅၁ မှတ်)နှင့် လာလီဂါအဝေးကွင်းပွဲစဉ်ကို ကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
