အဲဗာတန်တိုက်စစ်ကစားသမား ရစ်ချာလီဆန်က မာဆေးဆိုက်ဒ်ဒါဘီမတိုင်မီ ပြိုင်ဘက် လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ထက် ပိုကောင်းသည့် နောက်ခံကစားသမားများ ရှိကြောင်း ပြောကြားခဲ့သည်။
အဲဗာတန်တိုက်စစ်ကစားသမား ရစ်ချာလီဆန်က မာဆေးဆိုက်ဒ်ဒါဘီမတိုင်မီ ပြိုင်ဘက် လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ထက် ပိုကောင်းသည့် နောက်ခံကစားသမားများ ရှိကြောင်း ပြောကြားခဲ့သည်။
အသက် (၂၈)နှစ်အရွယ်ရှိ ဗန်ဒိုက်သည် ၂၀၁၈ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဆောက်သမ်တန်အသင်းမှ လီဗာပူးလ်အသင်းသို့ ပေါင် (၇၅)သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး ယင်းကတည်းက လီဗာပူးလ်အသင်းတွင် ခြေစွမ်းပြကစားနေသူ ဖြစ်သည်။
သို့သော် ရစ်ချာလီဆန်က ဗန်ဒိုက်မှာ သူ့အတွက် ကမ္ဘာအကောင်းဆုံးနောက်ခံလူ (၃)ဦးစာရင်းတွင်ပင် မပါဝင်ကြောင်း မာဆေးဆိုက်ဒ်ဒါဘီမတိုင်မီ ပြောကြားခဲ့ခြင်းဖြစ်သည်။
ရစ်ချာလီဆန်က "လူတွေက ဗန်ဒိုက်အကြောင်းကို တော်တော်လေး ပြောနေကြတယ်။ ဟုတ်ပါတယ်။ သူက ထိပ်တန်းနောက်ခံလူ တစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်တော် ဗန်ဒိုက်ကို လိမ်ခေါက်ကျော်ဖြတ်ဖူးပါတယ်။ ဒီရာသီမှာ ဗန်ဒိုက်အနေနဲ့ အရမ်းကောင်းတာကြောင့် ကမ္ဘာ့အကောင်းဆုံး (၃)ဦးစာရင်းမှာတောင် ပါဝင်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ဗန်ဒိုက်ထက် ကောင်းတဲ့ နောက်ခံလူတွေ ရှိပါတယ်။ သူတို့ကတော့ သီယာဂိုဆေးလ်ဗား (PSG)၊ မာကင်ဟို့စ် (PSG)နဲ့ ရာမို့စ် (ရီးယဲလ်မက်ဒရစ်)တို့ ပါပဲ"ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၉)အပြီးတွင် ရမှတ် (၈၂)မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံး၌ ရပ်တည်နေပြီး ဒုတိယနေရာမှ မန်စီးတီးအသင်း (၆၀ မှတ်)ကို (၂၂)မှတ်အထိ ဖြတ်ထားသည်။
လီဗာပူးလ်အသင်းအနေဖြင့် လက်ကျန် (၉)ပွဲတွင် (၆)မှတ်ရရုံဖြင့် နှစ်ပေါင်း (၃၀) ကြာ ကွာဝေးနေသည့် ပရီးမီးယားလိဂ်ဖလား ချန်ပီယံကို ရယူနိုင်မည်ဖြစ်ပြီး ကပ်ဘေးကာလအတွင်း ပထမဆုံးပွဲစဉ်အဖြစ် ဇွန်လ (၂၁) ရက် (မြန်မာစံတော်ချိန် တနင်္လာနေ့ နံနက် ၀၀:၃၀ နာရီ)တွင် မာဆေးဆိုက်ဒ်မြို့ခံပြိုင်ဘက် အဲဗာတန်အသင်းနှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကို ကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
