ချယ်လ်ဆီးအသင်းသည် လိုက်ပ်ဇစ်အသင်းမှ ဂျာမန်တိုက်စစ်မှူး တီမိုဗာနာကို ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီးနောက် လေဗာကူဆင်အသင်းမှ ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမား ဟာဗက်ဇ်ကိုလည်း ထပ်မံခေါ်ယူလိမ့်ဦးမည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။
ချယ်လ်ဆီးအသင်းသည် လိုက်ပ်ဇစ်အသင်းမှ ဂျာမန်တိုက်စစ်မှူး တီမိုဗာနာကို ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီးနောက် လေဗာကူဆင်အသင်းမှ ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမား ဟာဗက်ဇ်ကိုလည်း ထပ်မံခေါ်ယူလိမ့်ဦးမည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။
တီမိုဗာနာကို ခေါ်ယူရန် ချယ်လ်ဆီးအသင်း သဘောတူညီမှုရရှိထားပြီဆိုသည့်သတင်းမှာ ယခုလဆန်းပိုင်းကတည်းက ထွက်ပေါ်နေခဲ့ခြင်းဖြစ်သော်လည်း ချယ်လ်ဆီးအသင်းက ကြာသပတေးနေ့မှ အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။
ကြေညာချက်၌ တီမိုဗာနာနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း၊ ဗာနာသည် လိုက်ပ်ဇစ်အသင်း၌ ယခုရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲ ပြီးဆုံးသည်အထိ ဆက်ရှိသွားမည်ဖြစ်ပြီး ဇူလိုင်လရောက်မှသာ ဆေးစစ်မှုခံယူပြီး မိမိတို့အသင်းနှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
တီမိုဗာနာကလည်း "ချယ်လ်ဆီးလို ထိပ်တန်းအသင်းနဲ့ လက်တွဲရမှာက ကျွန်တော့်အတွက် အလွန်ဂုဏ်ယူစရာကောင်းတဲ့ အခိုက်အတန့်ပါပဲ။ လိုက်ပ်ဇစ်အသင်းနဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်နှလုံးသားထဲမှာ သူတို့ ထာဝရရှိနေမှာပါ။ ဒီအပြောင်းအရွှေ့က ကျွန်တော့်အတွက် မှန်ကန်တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်မယ်လို့လည်း ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။
တီမိုဗာနာသည် လိုက်ပ်ဇစ်အသင်းနှင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ယှဉ်ပြိုင်ရန်ရှိနေသော်လည်း ချန်ပီယံလိဂ် လူစာရင်းမှ နုတ်ထွက်ခဲ့ပြီး ဇူလိုင်(၁)ရက်နေ့တွင်ပင် ချယ်လ်ဆီးအသင်းနှင့် စတင်လက်တွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ချယ်လ်ဆီးအသင်းသည် တီမိုဗာနာအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း(၅၀)ဝန်းကျင် သုံးစွဲရမည်ဖြစ်သော်လည်း နောက်ထပ်ပစ်မှတ်ကစားသမားများစွာကို ကြိုးပမ်းနေဆဲဖြစ်ပြီး လေဗာကူဆင်မှ ဟာဗက်ဇ်ကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟုလည်း သတင်းများထွက်ပေါ်နေသည်။
ဟာဗက်ဇ်အတွက် ပြောင်းရွှေ့ကြေးမှာ ပေါင်(၇၅)သန်းဝန်းကျင်ရှိမည်ဖြစ်ပြီး ၎င်းအားခေါ်ယူရန် ကြိုးပမ်းနေသည့်အသင်းများအနက် ချယ်လ်ဆီးအသင်းက ဦးဆောင်နေကြောင်း ဂျာမန်မီဒီယာ Bild က ဖော်ပြခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ကစားသမားသစ်များ ထပ်မံခေါ်ယူရန် စီစဉ်နေသည့်နည်းတူ အသင်းမှ ကစားသမားများကိုလည်း ရောင်းထုတ်ရန် စီစဉ်နေပြီး ချယ်လ်ဆီးအသင်းမှ ထွက်ခွာရမည့်ကစားသမား (၁၂)ဦးခန့် ရှိနေသည်ဟုလည်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
