မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ဒဏ်ရာမှ ပြန်လည်သက်သာလာသော ကြယ်ပွင့်ကွင်းလယ်လူ ပေါ့ဘာနှင့် တွဲဖက်ကစားရသည်မှာ လွယ်ကူသည်ဟု ဖွင့်ဟခဲ့သည်။
မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ဒဏ်ရာမှ ပြန်လည်သက်သာလာသော ကြယ်ပွင့်ကွင်းလယ်လူ ပေါ့ဘာနှင့် တွဲဖက်ကစားရသည်မှာ လွယ်ကူသည်ဟု ဖွင့်ဟခဲ့သည်။
ဘရူနိုဖာနန်ဒက်စ်သည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့လာသူဖြစ်သည်။
၎င်းရောက်ရှိလာချိန်တွင် ပေါ့ဘာမှာ ဒဏ်ရာပြဿနာများကြောင့် အနားယူနေရသဖြင့် ပြိုင်ပွဲများတွင် တွဲဖက်ကစားဖူးခြင်း မရှိသေးဘဲ ယခုလအစောပိုင်းက လိဂ်ချန်ပီယံရှစ်ကလပ် ဝက်စ်ဘရွန်းနှင့် ခြေစမ်းပွဲတွင် ပထမဆုံးအကြိမ် တွဲကစားခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် မန်ယူအသင်း (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ဘရူနိုဖာနန်ဒက်စ်က "ပေါ့ဘာနဲ့ တွဲဖက်ရတာ လွယ်ပါတယ်။ ရပ်ရှ်ဖို့ဒ်နဲ့ရောပါပဲ။ သူတို့(၂)ယောက်က ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတွေထဲကဖြစ်ပြီး အသင်းကို အများကြီးကူညီပေးနိုင်လိမ့်မယ်။ သူတို့ ပြန်လာတာကြောင့် ကျွန်တော်တို့ အရင်ကထက် ပိုတောင့်တင်းသွားမယ်လို့ထင်ပြီး အသင်းမှာ ရှိတဲ့ ကစားသမားအားလုံး ကြံ့ခိုင်မှု အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်။ လေ့ကျင့်ရေးကွင်းမှာလည်း ပိုကောင်းလာပါတယ်"ဟု ပြောကြားခဲ့သည်။
အသက် (၂၇)နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများနှင့် ကြုံတွေ့ခဲ့ရပြီး မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၈) ပွဲသာ ပါဝင်ကစားနိုင်သေးပြီး ဂိုးသွင်းယူနိုင်ခြင်းမရှိသေးပေ။
မန်ယူအသင်းသည် ယနေ့ည (မြန်မာစံတော်ချိန် စနေနံနက် ၁:၄၅ နာရီ)တွင် စပါးအသင်းနှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
