ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ၎င်း၏ကစားသမားဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲ(၂)ပွဲဆက် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ၎င်း၏ကစားသမားဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲ(၂)ပွဲဆက် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
စီရော်နယ်လ်ဒိုသည် ၂၀၁၉ နှစ်ကုန်က ကစားခဲ့သည့် အီတလီစူပါဖလားပွဲတွင် လာဇီယိုအသင်းကို ရှုံးနိမ့်ခဲ့ပြီး ပြီးခဲသည့်ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ကစားခဲ့သော ကိုပါအီတာလီယာဗိုလ်လုပွဲတွင်လည်း နာပိုလီအသင်းကို အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
စီရော်နယ်လ်ဒိုသည် ၎င်း၏ ကစားသမားဘဝတွင် ဗိုလ်လုပွဲ(၂)ကြိမ်ဆက် မည်သည့်အခါမျှ ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိဘဲ ဂျူဗင်တပ်စ်အသင်းထံရောက်မှသာ အဆိုပါမှတ်တမ်းကို ကြုံတွေ့ခဲ့ ရခြင်းဖြစ်သည်။
ဂိုးမရှိသရေကျကာ ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ဂျူဗင်တပ်စ်အသင်း ရှုံးနိမ့်ခဲ့သော အဆိုပါပွဲတွင် စီရော်နယ်လ်ဒိုကိုယ်တိုင်လည်း ခြေစွမ်းပျောက်ဆုံးခဲ့ပြီး ကန်သွင်းမှု (၃)ကြိမ်သာ ပြုလုပ်နိုင်ခဲ့သည်။ ပယ်နယ်တီအဆုံးအဖြတ် ခံယူရာတွင် စီရော်နယ်လ်ဒို၏ အလှည့်မရောက်မီ၌ နာပိုလီအသင်းက ဗိုလ်စွဲသွားခဲ့သည်။
ပွဲပြီးအင်တာဗျူးများ၌ အသင်းနည်းပြ ဆာရီက စီရော်နယ်လ်ဒိုအပါအဝင် တွဲဖက်တိုက်စစ်ကစားသမားများတွင် ထက်မြက်မှုပျောက်ဆုံးနေသည်ဟု လူသိရှင်ကြား ပြစ်တင်ခဲ့သည်။
ဆာရီက"သူ(စီရော်နယ်လ်ဒို) ဟာလည်း ဒီဘားလား၊ ဒူးဂလပ်စ်ကော်စတာတို့လိုပဲ ပုံစံကောင်းမရခဲ့ပါဘူး။ သူ အမြဲလုပ်နိုင်နေကျ ထက်မြက်မှုတွေ ဒီပွဲမှာ ပျောက်ဆုံးနေခဲ့တယ်။ ကျွန်တော် စိတ်ဆိုးဒေါသထွက်နေပြီး ကစားသမားတွေနည်းတူ စိတ်ပျက်နေပါတယ်။ ပွဲပြီးတော့ သူတို့ကို သိပ်ပြီး မပြောဆိုခဲ့ပါဘူး။ အခုအချိန်က ပါးစပ်ပိတ်ထားရမယ့်အချိန်ဖြစ်ပြီး နောက်နေ့မှ ဒီအကြောင်းတွေကို ဆွေးနွေးသွားပါမယ်"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
