နာပိုလီ ၀-၀ ဂျူဗင်တပ်စ်
(Pen ၄-၂ ဂိုးဖြင့် နာပိုလီ အနိုင်ရဗိုလ်စွဲ)
ဆာရီကတော့ ဂျူဗင်တပ်စ်နည်းပြဘဝ ဖလားလုပွဲ(၂)ကြိမ် ဆင်နွှဲရာမှာ (၂)ကြိမ်စလုံး အရေးနိမ့်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလက အီတလီစူပါဖလားမှာ လာဇီယိုအသင်းကို အရေးနိမ့်ပြီး အခုနောက်ထပ်ပြည်တွင်းဖလားတစ်လုံးကိုပါ ဆုံးရှုံးလိုက်ရ တာပါ။ ချန်ပီယံလိဂ်မှာသာ အတိုင်းအတာတစ်ခုအထိ မအောင်မြင်ရင် လက်ရှိပုံစံအတိုင်းဆို ဆာရီရဲ့ အနာဂတ်က (၅၀%)အောက် ရောက်သွားမှာသေ ချာသလောက်ပဲ။ အေစီမီလန်နဲ့ဆီမီးပွဲမှာကတည်းက လိုအပ်ချက်တွေရှိခဲ့တဲ့အသင်းကို ဆာရီက ညာ နောက်ခံနေရာမှာ ဒန်နီလိုအစား ကွာဒရာဒိုအတွဲကို ပြန်သုံးခဲ့တာကလွဲလို့ အပြောင်းအလဲမလုပ်ခဲ့ပါဘူး။
ဒူးဂလပ်စ်ကော်စတာ၊ စီရော်နယ်လ်ဒို၊ ဒီဘားလားတို့ တိုက်စစ်အတွဲအဖက်က နာမည်ကျော်တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပေမယ့် ပူးပေါင်းဆောင်ရွက်မှုပိုင်းမှာတော့ အတော်လေးအားနည်းလွန်းလှတယ်။ ပွဲအစ(၅)မိနစ်မှာ နာပိုလီခံစစ်အမှားကနေ ဒီဘား လား ဖြတ်ယူပြီးပေးပို့တဲ့ဘောလုံးကို စီရော်နယ်လ်ဒို ကန်သွင်းခဲ့ပေမယ့် နာပိုလီဂိုးသမား မယ်ရတ် ကာကွယ်သွားနိုင်ခဲ့တယ်။ ဒီအခွင့်အရေးက ဂျူဗင်တပ်စ်အတွက် ဗိုလ်လုပွဲမှာ ဂိုးရနိုင်ဖို့ အနီးစပ်ဆုံးဖြစ်ခဲ့တဲ့အထိ အခြေအနေဆိုးရွားလွန်းခဲ့တယ်။ နောက်ပိုင်း မှာတော့ ဂျူဗင်တပ်စ်တိုက်စစ်က သာမန်အလယ် အလတ်အသင်းတစ်သင်းရဲ့ စွမ်းဆောင်ရည်မျိုးလောက်တောင် မရှိတော့ဘူး။ ဂျူဗင်တပ်စ်အနေနဲ့ ကစားကွက်ချင်းယှဉ်ရင်လည်း နာပိုလီကို အသာ စီးမရခဲ့သလို၊ ပွဲချိန်အတွင်းမှာလည်း နာပိုလီက တောင် မိနစ်(၉၀)အတွင်း အနိုင်ရသင့်တဲ့ အခွင့်အ ရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။
ပထမပိုင်းမှာ အင်ဆစ်ဂ်နီရဲ့ဖရီးကစ်ကန်ချက် တိုင်ထိခဲ့ပြီး ဒမ်မယ်၊ အင်ဆစ်ဂနီတို့ ကန်သွင်းမှုတွေကိုလည်း ၀ါရင့်ဂိုးသ မား ဘူဖွန် တားဆီးခဲ့ရပါတယ်။ ဒုတိယပိုင်းမှာလည်း လူစားဝင်လာတဲ့ မီလစ်ခ် အပိုင်ကန်ခွင့်တစ်ကြိမ် ဖြုန်းတီးခဲ့ပြီး နာကျင်အချိန်ပိုမှာ အနိုင်ဂိုးရလုနီးပါး ဖြစ်ခဲ့ပေမယ့် အဲလ်မက်စ်ရဲ့နောက်ဆုံးကန်သွင်းမှု က တိုင်ထိထွက်ခဲ့ပါတယ်။ မိနစ်(၉၀)ပြီးဆုံးချိန်မှာ ဂိုးမရှိသရေကျနေပေမယ့် ကပ်ဘေးကာလဥပဒေ အရ အချိန်ပိုဆက်မကစားဘဲ ပယ်နယ်တီကန်ခဲ့ပါ တယ်။ ပယ်နယ်တီမှာ ဂျူဗင်တပ်စ်က ဒီဘားလား၊ ဒန်နီလိုတို့ ပထမဆုံးကန်သွင်းမှု(၂)ကြိမ် ဂိုးမဝင်ခဲ့ လို့ (၄)ဂိုးစလုံး ဝင်အောင်ကန်သွင်းနိုင်တဲ့ နာပိုလီ အသင်း အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
