မန်စီးတီး ၃-၀ အာဆင်နယ်
မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ့ရဲ့လက်ထောက်ဟောင်း အာတီတာကို ပြိုင်ဘက်အဖြစ် ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ရာမှာ ဂိုးပြတ်သွင်း ပြီး ပညာပေးသွားခဲ့ပါတယ်။
မန်စီးတီးအသင်းက ပုံမှန်လောက် အားထုတ်မှုမျိုးနဲ့ ဂိုးပြတ်သွင်းခဲ့တာပါ။
ပထမပိုင်းမှာ မန်စီးတီးအသင်း ရတဲ့အခွင့်အရေးတွေကိုသာ မိမိရရအသုံးချနိုင်ခဲ့ရင် ရလဒ်ပိုင်းက အခုထက်ပိုပြီး ပြတ်သားသွားဖို့ရှိတယ်။
ဘောလုံးပွဲတွေကို (၃)လဝန်းကျင်ရပ်နားထားပြီး ပြန်ကစားရတာဖြစ်ပေမယ့် မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနားရဲ့ စွမ်းဆောင်ရည်ကတော့ ပြောင်းလဲမသွားပါဘူး။
ကွင်းလယ်ဗိသုကာအဖြစ် ဒီဘရိုင်းနားက တာဝန်ကျေပွန်စွာ ကစားနေဆဲဖြစ်ပြီး စတာလင်ရဲ့တိုးအား ကလည်း အာဆင်နယ်နောက်တန်းကို ပိုဖိအားပေးခဲ့ပါတယ်။
ပွဲအစ(၈)မိနစ်မှာ ချာကာနေရာ စီဘယ်ယို့စ်၊ (၂၄)မိနစ်မှာ ပါဘလိုမာရီနေရာ ဒေးဗစ်လူး ဝစ်ဇ်တို့ကို ဒဏ်ရာကြောင့် စောစောစီးစီး လူစားလဲခဲ့ရတာပါ။
အာဆင်နယ်နောက်တန်းက အမှားမှားအယွင်းယွင်းဖြစ်ပေမယ့် ဂိုးသမား လေနိုကတော့ ပုံမှန်လက်စွမ်းရခဲ့ပါတယ်။
သူ့ကြောင့် အာဆင်နယ်အသင်း ဂိုးစောစောမပေးရတာဖြစ်ပြီး ပထမပိုင်းနာကျင်အချိန်ပိုရောက်မှ ဒေးဗစ်လူးဝစ်ဇ်ရဲ့အမှားကနေ စတာလင်က အခုနှစ်ရဲ့အဖွင့်ဂိုးအဖြစ် သွင်းယူခဲ့ပါတယ်။
ဒေးဗစ်လူးဝစ်ဇ်ကြောင့် ပယ်နယ်တီထပ်ပေးရသလို အနီကတ်ပါ ပြသခံခဲ့ရပြီး ဒီပယ်နယ်တီကို ဒီဘရိုင်းနားက (၅၁)မိနစ်မှာ ကန်သွင်းယူခဲ့ပါတယ်။
မန်စီးတီးအတွက် နောက်ဆုံး ဂိုးကို ဖိုဒန်က (၉၁)မိနစ်မှာ အဂွဲရိုးကန်ချက် တိုင်ထိထွက်လာတာကနေ ထပ်ဆင့်ကန်သွင်းခဲ့တာပါ။
အာဆင်နယ်အသင်းကတော့ ၂၀၁၇ သြဂုတ်လကကစားခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်အသင်းဂိုးပေါက်ကို ခြိမ်းခြောက်နိုင်မှုတစ်ကြိမ်မှမရှိခဲ့တဲ့ပွဲတစ်ပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ရပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
