အစ္စရေးနှင့်ဂါဇာဒေသတွင် ပြင်းထန်စွာ ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများအပေါ် စိုး ရိမ်မိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မေလ ၁၅ ရက်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် တယ်လီဖုန်းဖြင့် ဆယ်သွယ်ပြောကြားခဲ့ပြီး ပါလက်စတိုင်း သမ္မတ မာမွတ် အဘားစ် နှင့် သီးခြားဖုန်းပြော ဆိုမှုတွင်လည်း ဟားမာ့စ် အဖွဲ့အနေဖြင့် ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်တန့်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လူပေါင်းများစွာ သေကြေဒဏ်ရာရခဲ့ သည့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဖြစ် ပွားသည့် ခြောက်ရက်မြောက်နေ့တွင် ဘိုင် ဒင်က နေတန်ယာဟုနှင့် ဖုန်းပြောဆိုခဲ့ရာ၌ ဟားမာ့စ်နှင့် အခြားအကြမ်းဖက်အဖွဲ့ များ၏ ရော့ကတ်များဖြင့်တိုက်ခိုက်မှုကို အစ္စရေး အနေဖြင့် ခုခံပိုင်ခွင့်ရှိသည့်အချက်ကို အခိုင် အမာထောက်ခံကြောင်း ဖော်ပြခဲ့ပြီး နှစ်ဘက် စလုံးတွင် ပြင်းထန်စွာတိုက်ခိုက်မှုများနှင့် လူသေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရမှုများ အပေါ် အလွန်စိုးရိမ်ကြောင်း အလေးအနက် ထား ပြောကြားခဲ့သည်။
“သူ (ဘိုင်ဒင်) ဟာ အစ္စရေးနိုင်ငံတစ်ဝန်း မှာရှိိတဲ့ မြို့နယ်တွေနဲ့ မြို့တွေကို ပစ်မှတ်ထား တဲ့ ဆင်ခြင်မှုမရှိတဲ့ တိုက်ခိုက်မှုတွေကိုရှုတ် ချခဲ့ပါတယ်” ဟု အိမ်ဖြူတော်က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
သို့သော်ဘိုင်ဒင်သည် မေလ ၁၅ ရက်က အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာဒေသအတွင်းရှိ အေပီ နှင့် အခြားနိုင်ငံ တကာ မီဒီယာများတည်ရှိသည့် အဆောက် အအုံတစ်ခုပျက်စီးမှုဖြစ်ပွားခဲ့ပြီးနောက် ဂျာနယ်လစ်များ၏ လုံခြုံရေးကိုလည်း စိုးရိမ် ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် အေပီသတင်းဌာန၏ ဥက္ကဌလည်းဖြစ် စီအီးအိုလည်းဖြစ်သည့် ဂယ်ရီပရူအစ် နှင့် ဖုန်းပြောဆိုခဲ့ရာတွင် လွတ်လပ်သည့် ဂျာနယ်လစ်များ ကမ္ဘာတစ်ဝန်းမှ မီဒီယာ အဖွဲ့အစည်းများကို မမှိတ်မသုန် ထောက်ခံကြောင်းနှင့် ပဋိပက္ခဖြစ်ပွားနေသည့် နေရာ ဒေသများတွင် သတင်းရယူခြင်းသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ် ကြောင်းပြောကြားခဲ့သည်ဟု အမေရိကန်နိုင် ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နက် ပရိုက်စ်က ပြောကြားခဲ့သည်။
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခနှင့် ပတ်သက်ပြီး လူသိရှင်ကြား ပြောဆိုမှု မရှိသ လောက် နည်းပါးခဲ့သည့် ဘိုင်ဒင်သည် ယခု အခါတွင် ယင်းပဋိပက္ခကို ဆွေးနွေးညှိနှိုင်း မှုဖြင့် အဖြေရှာရန် အမေရိကန်က ထောက်ခံ ကြောင်း ပြောကြားခဲ့သည်။
ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) ၏ သမ္မတ အဘားစ်နှင့် ဖုန်းပြောဆိုခဲ့ရာတွင် လက်ရှိဖြစ်ပွားနေသည့် အစ္စရေး-ပါလက်စ တိုင်း ပဋိပက္ခကို ဖြေရှင်းရန် အကောင်းဆုံး နည်းလမ်းမှာ နှစ်ဦးနှစ်ဘက် ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်ကြောင်း ဘိုင်ဒင်က အလေး ထားပြောဆိုခဲ့သည်ဟု အိမ်ဖြူတော်က ထုတ် ပြန်ခဲ့သည်။
မေလ ၁၅ ရက်တွင် အစ္စရေးသည် ဂါဇာ ဒေသကို လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၀ ဦးသေဆုံးပြီး ပါလက်စတိုင်း စစ်သွေးကြွများကလည်း ရော့ကတ်များဖြင့်ပြန်လည် ပစ်ခတ်ခဲ့ကာ အနောက်ဘက်ကမ်းတွင်လည်း တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
