တရုတ်အစိုးရပြဋ္ဌာန်းထားသော ဟောင်ကောင်အမျိုးသားလုံခြုံရေး ဥပဒေကိုအသုံးပြု၍ ဟောင်ကောင်အာဏာပိုင်များက ပိုင်ဆိုင်မှု ထိန်းချုပ်ရေးအာဏာကို ပထမဆုံးအကြိမ် ကျင့်သုံးခဲ့ပြီးနောက် ယင်း လုပ်ဆောင်မှုသည် ဟောင်ကောင်ရှိ စီးပွားရေးလုပ်ငန်းများ ရင်ဆိုင်ရမည့် အန္တရာယ် မြင့်တက်လာနေသည်ကို ပြသနေခြင်းဖြစ်ကြောင်း ထိုင်ဝမ်က မေ ၁၅ ရက်တွင် သတိပေးခဲ့သည်။
အမျိုးသားလုံခြုံရေးဥပဒေကို ချိုးဖောက်မှုစွဲချက်ဖြင့် ဒီမိုကရေစီလိုလားသော မီဒီယာလုပ်ငန်းရှင် သူဌေး ဂျင်မီလိုင်၏ သတင်းမီဒီယာလုပ်ငန်းမှ ရှယ်ယာများအပါအဝင် လိုင်၏ ပိုင်ဆိုင်မှုများကို ဟောင်ကောင်အာဏာပိုင်များက ထိန်းချုပ်ခဲ့ပြီး နောက် ထိုင်ဝမ်၏ သတိပေးချက် ထွက်ရှိလာခဲ့ခြင်းဖြစ်သည်။
ထိုလုပ်ဆောင်ချက်သည် အမျိုးသား လုံခြုံရေးဥပဒေ၏ခြိမ်းခြောက်မှုများကို မီးမောင်းထိုးပြသနေသလို ဟောင်ကောင်ရှိ စီးပွားရေးလုပ်ငန်းများအတွက် အန္တရာယ်မြင့်တက်လာနေသည်ကို နိုင်ငံတကာအသိုက်အဝန်းထံ သတင်းပို့နေခြင်းလည်းဖြစ်ကြောင်း၊ ဟောင်ကောင်ဒီမိုကရက်များအပေါ် ဖိနှိပ်နေခြင်းကို ရပ်တန့်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများကို မိမိတို့ နောက်တစ်ကြိမ် တောင်းဆိုကြောင်း ထိုင်ဝမ်ပြည်တွင်း ရေးကောင်စီက ထုတ်ပြန်ခဲ့သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်သည် ဟောင်ကောင်၌ ဖြစ်ပွားသော ဒီမိုကရေစီ အရေးတက်ကြွ လှုပ်ရှားမှုများကို ထောက်ခံကြောင်း ပြောကြားခဲ့ဖူးပြီး ဟောင်ကောင်မှ ထွက်ပြေးလာကြသူများကိုလည်း တိတ်တဆိတ် ခိုလှုံခွင့်ပြုခဲ့သည်။
မီဒီယာလုပ်ငန်းကုမ္ပဏီ၏ ရှယ်ယာအများစုကို ပိုင်ဆိုင်ထားသော အစုရှယ်ယာရှင် ၏ရှယ်ယာများကို ထိန်းချုပ်သည့် ဟောင်ကောင်အာဏာပိုင်များ၏လုပ်ရပ်သည် စီးပွားရေးအချက်အချာ ဟောင်ကောင်၌ ရင်း နှီးမြုပ်လိုသူများ၏ သဘောထားကို ပြောင်းလဲသွားစေလိမ့်မည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သော လုံခြုံရေးဥပဒေအရ ဟောင်ကောင်၏အမျိုး သားလုံခြုံရေးကို ထိပါးခြိမ်းခြောက်နေသည် ဟု ယူဆရသော မည်သည့်လူပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများအား ထိန်းချုပ် နိုင်သည့် အာဏာကို ဟောင်ကောင်အစိုးရ အရာရှိများထံ အပ်နှင်းထားသည်။
မေ ၁၄ ရက် အမိန့်ထုတ်ပြန်ချက်အရ Next Digital မီဒီယာလုပ်ငန်းအဖွဲ့တွင်းရှိ လိုင်၏ ရှယ်ယာများ၊ ၎င်းင်းပိုင်ဆိုင်သော ကုမ္ပဏီသုံးခု၏ ဒေသတွင်းဘဏ်စာရင်း များထဲမှ ပိုင်ဆိုင်မှုငွေကြေးများကို ထိန်းချုပ် ခဲ့သည်။
အသက် ၇၃ နှစ်အရွယ် ဘီလျံနာ ဂျင်မီ လိုင်သည် ဒီမိုကရေစီကို ထောက်ခံသော အကြောင်းအရာများနှင့် တရုတ်အစိုးရအဖွဲ့ ကို ဝေဖန်သောအကြောင်းအရာများ ရေး သားထုတ်ဝေမှုကြောင့် တရုတ်အစိုးရက ၎င်းအား ကာလရှည်ကြာ အမြင်မကြည်ဖြစ် ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
