အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ဂင်္ဂါမြစ်ကမ်းပါးပေါ်သို့ သောင်တင်လာသော အလောင်းများ သို့မဟုတ်မြစ်ကမ်းပေါ်ရှိ သဲသောင်ပြင်တွင် အလောင်းများကို မြှုပ်နှံထားသော်လည်း တွင်းနက်နက်တူးခဲ့ခြင်းမရှိသဖြင့် ယင်းအလောင်းများသည် မြေပေါ်တွင် တစ်ပိုင်းတစ်စပေါ်နေသည်ကို တွေ့ရှိခဲ့သ ဖြင့် ယင်းအလောင်းများကို ပြန်လည် တူးဖော် ၍ စုံစမ်းစစ်ဆေးရန်ရဲတပ်ဖွဲ့က ရွာသားများ ထံရောက်ရှိလာကြပြီး လူမှုမီဒီယာတွင်မူ ယင်းအလောင်းများသည် COVID-19 လူနာများ ၏ အလောင်းများဖြစ်သည်ဟု ခန့်မှန်းချက် များ ထွက်ပေါ်နေသည်။
အလောင်းများကို မြစ်အတွင်းသို့မစွန့် ပစ်ကြရန်နှင့် ရိုးရာအစဉ်အလာများအတိုင်း လုပ်ဆောင်နိုင်ရန် ကူညီပေးသွားမည်ဖြစ် ကြောင်း ရဲတပ်ဖွဲ့က အသံချဲ့စက်အသုံးပြု ၍ ပြည်သူများထံ ပန်ကြားခဲ့သည်။
ဥတ္တရာ ပရာဒက်ရှ်ပြည်နယ် ပရာယာ ဂရာ့ချ်မြို့ရှိ သဲသောင်ပြင်တွင် တွင်းနက်နက် တူး၍ မြှုပ်နှံထားခြင်းမရှိသော အဝတ်စ နှင့် ပတ်ထားသည့် အလောင်းများသည် မေ ၁၄ ရက်တွင် မိုးရွာသွန်းချိန်၌ယင်းအလောင်း များမှာ မြေပေါ်တွင် တစ်ပိုင်းတစ်စပေါ်လာ ခဲ့သည်။
လွန်ခဲ့သည့် သီတင်းနှစ်ပတ်က မြစ်များ အတွင်းCOVID-19 လူနာများ၏အလောင်း ၁,၀၀၀ ကျော်ပေါ်လာခဲ့သည်ဟူသည့် ဒေသတွင်း မီဒီယာ၏ သတင်းထုတ်ပြန်ချက်များကို ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ နက်ဗ်နက်ဆင်းဟယ်က မေ ၁၆ ရက်၌ငြင်း ဆိုခဲ့ပြီး “ဒီအလောင်းတွေကဗိုင်းရပ်စ် ကူး စက်ခံရသူ တွေရဲ့အလောင်းတွေမဟုတ်ဘူးဆိုတာ ကျွန်တော်ကျိန်းသေပြောရဲပါတယ်”ဟု ၎င်းက ဆိုသည်။
အချို့ရွာသားများသည် ဘာသာရေး အရ အရေးကြီးသည့် အချို့ကာလများအတွင်း ဟိန္ဒူရိုးရာ၏ဓလေ့ထုံးတမ်းအရ အလောင်းများကို သင်္ဂြိုလ်ခြင်းမပြုလုပ်ဘဲ မြစ်များအ တွင်းသို့ စွန့်ပစ်ခြင်း သို့မဟုတ် မြစ်ကမ်းပါး များပေါ်တွင် မြေမြှုပ်ခြင်းများ ပြုလုပ်လေ့ရှိကြသည်ဟု ၎င်းကပြောကြားခဲ့သည်။
အာဏာပိုင်များသည် COVID-19 ကြောင့်သေဆုံးခဲ့သူများကို ပရာယာ ဂရာ့ချ် မြစ်ကမ်းပါးတွင် သင်္ဂြိုလ်ရန် ရည်ရွယ်ထား သော်လည်း ရဲတပ်ဖွဲ့က မြစ်ကမ်းပါးတွင်မည် သည့်သင်္ဂြိုလ်မှုမှ လုပ်ဆောင်ခွင့်မပြုကြောင်း ထုတ်ပြန်ခဲ့သည်ဟု အကြီးတန်းရဲအရာရှိ ကေပီ ဆင်းက ပြောကြားခဲ့သည်။
လက်ရှိ အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်း ရပ်စ် ကူးစက်ခံရသူ စံချိန်တင်မြင့်တက်နေပြီး အဓိက ရွေးကောက်ပွဲတစ်ခုအတွက် မဲဆွယ် စည်းရုံးမှုကြီးအပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ မြင့်တက်နေသည့် အနောက်ဘန်ဂေါပြည် နယ်တွင် မေ ၁၅ ရက်၌ သီတင်းနှစ်ပတ်ကြာ Lockdown တစ်ရပ်ချမှတ်ရန်အမိန့်ထုတ် ပြန်ခဲ့သည်။
ယင်းပြည်နယ်တွင် လက်ရှိအချိန်အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူနှင့် သေဆုံးသူဦးရေ မြင့်တက်နေပြီး ပြည်နယ်အတွင်းရှိ ရုံးများ၊ စတိုးဆိုင်များနှင့် အများပြည်သူ သယ်ယူပို့ ဆောင်ရေးလုပ်ငန်းများကို ၁၅ ရက်ကြာပိတ် ထားရန် အမိန့်ထုတ်ပြန်ခဲ့သည်။
အိန္ဒိယနိုင်ငံတစ်ဝန်းတွင် မေ ၁၅ ရက်၌ နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၃၂၆,၀၀၀ တွင် ၂၁,၀၀၀ မှာ အနောက်ဘန် ဂေါမှဖြစ်ပြီး ယင်းပြည်နယ်ရှိဆေးရုံများက ၎င်းင်းတို့တွင်ဗိုင်းရပ်စ်လူနာများဖြင့် ဝန်ပိနေ ကြောင်းထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
