တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားဖွယ်ပိုင်နက်နေရာများမှ သင်္ဘောများကို ပြန်လည်ရုပ်သိမ်းရန် တရုတ်၏တောင်းဆိုမှုကို ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ငြင်းပယ်ခဲ့ပြီး ၎င်း၏မိတ်ဆွေဖြစ်သော တရုတ်အစိုးရနှင့် ဆက်ဆံရေး ထိခိုက်မည်ဆိုသည့်တိုင် ဖိအားများအပေါ် ဦးညွတ်သွားမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်စစ်တပ်က တပ်စွဲထားသည့်နေရာအနီးရှိ သီတူကျွန်း အပါအဝင် ဖိလစ်ပိုင်၏ အထူးစီးပွားရေးဇုန် (EEZ) ၏ ပြိုင်ဆိုင်မှုပြင်းထန်သည့်နေရာများတွင် ၎င်း၏ တည်ရှိမှုကို မြှင့်တင်လုပ်ဆောင်ခဲ့သည်။
တရုတ်နှင့် အနီးကပ်ပူးပေါင်းဆက်ဆံရေး တည်ဆောက်လိုသည့် ၎င်း၏ကြိုးပမ်းမှုကို စွန့်လွှတ်ရန်ဖိအားများနှင့် ရင်ဆိုင်နေရချိန်တွင် ၎င်း၏ကာကွယ်ရေးအကြီးအကဲများက တရုတ်သည် ဗြောင်ကျသော ရန်စမှုများ လုပ်ဆောင်နေသည်ဟူသည့် ပြောကြားချက်များအပေါ် ထောက်ခံ၍ ဒူတာတေးက မေ ၁၄ ရက်တွင် ရုပ်သံမိန့်ခွန်း၌ ယခုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ ကျွန်တော်တို့ ဒီနေရာမှာ အခိုင်အမာ ပြောလိုတာက အဲ့ဒီနေရာ(တောင်တရုတ်ပင်လယ်) မှာရှိတဲ့ ကျွန်တော်တို့ရဲ့သင်္ဘောတွေကို တစ်လက်မမှ နောက်ဆုတ်သွားမှာ မဟုတ်ပါဘူး” ဟု ဒူတာတေးက ဆိုသည်။
ဖိလစ်ပိုင်အနေဖြင့် ရှုတ်ထွေးပြီး အငြင်းပွားဖွယ် အခြေအနေကို မြင့်တက်စေသည့် အပြုအမူများကို ရပ်တန့်ရမည်ဟု တရုတ်က လွန်ခဲ့သည့်လတွင် ပြောကြားခဲ့သည်။
ဖိလစ်ပိုင်က တောင်တရုတ်ပင်လယ်တွင် ရှားပါးသော ရေကြောင်းစစ်ရေးလေ့ကျင့်မှု ဆောင်ရွက်ခဲ့သည့်အပေါ် တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ကျွန်တော် ရန်မဖြစ်ချင်ပါဘူး။ ပြဿနာလည်း မတက်ချင်ဘူး။ ခင်ဗျားရဲ့တည်နေရာကို လေးစားပါတယ်။ အဲ့လိုပဲ ခင်ဗျားတို့လည်း ကျွန်တော့်ပိုင်ဆိုင်မှုအပေါ် လေးစားရမယ်။ ဒါပေမဲ့ ကျွန်တော်တို့ စစ်မက်ဖြစ်ပွားမှာ မဟုတ်ပါဘူး” ဟု ဒူတာတေးက ပြောကြားခဲ့သည်။
“ ကျွန်တော် နောက်ဆုတ်သွားမှာမဟုတ်ပါဘူး။ ခင်ဗျားတို့ ကျွန်တော့်ကို သတ်မယ်ဆိုရင်တောင်မှပေါ့။ ကျွန်တော်တို့ ခင်မင်မှုတွေက ဒီနေရာမှာ အဆုံးသတ်သွားလိမ့်မယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ဒူတာတေးသည် ၂၀၁၆ ခုနှစ်က တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်၍ တရုတ်၏ပိုင်ဆိုင်ကြောင်း ထွက်ဆိုမှုကို နိုင်ငံတကာ အနုညာတခုံရုံးက ငြင်းပယ်ခဲ့မှုကို တရုတ်အနေဖြင့် လိုက်နာကျင့်သုံးရန် တရုတ်အစိုးရအား ဖိအားပေးရန်ငြင်းဆိုခဲ့သဖြင့် ဝေဖန်ခံခဲ့ရသည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း ခုံရုံး၏ စီရင်ချက်သည် စက္ကူအပိုင်းအစတစ်ခုမျှသာ ဖြစ်ပြီး သူသည့် အမှိုက်ပုံးထဲသို့ လွှင့်ပစ်နိုင်သည်ဟု ပြောကြားခဲ့သဖြင့် ပြင်းထန်သည့် ဝေဖန်မှုကို ခံခဲ့ရသည်။
လွန်ခဲ့သည့်လကုန်ပိုင်းကလည်း အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်အတွင်း ကင်းလှည့်နေသည့် ရေတပ်နှင့် ကမ်းရိုးတန်းစောင့် သင်္ဘောများကိုဆုတ်ခွာသွားမည်မဟုတ်ကြောင်း ဒူတာတေးက ပြောကြားခဲ့ပြီး နိုင်ငံ၏ ရေပိုင်နက်အပေါ် အချုပ်အခြာအာဏာကို ညှိနှိုင်း၍ မရကြောင်း ခုခံပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
