အနောက်ဘက်ကမ်းနှင့် အစ္စရေးနိုင်ငံအတွင်းတွင် အလွန်ပြင်းထန်သည့် ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့ပြီးနောက် တစ်ရက်အကြာ မေလ ၁၄ ရက်တွင် အစ္စရေး တိုက်လေယာဉ်များသည် ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။
ဂါဇာဒေသတွင် အစ္စရေးနှင့် ပါလက်စတိုင်း စစ်သွေးကြွများကြား ငါးရက်ကြာဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကို လျှော့ချရန် သံတမန်ရေးရာ အားထုတ်ကြိုးပမ်းမှုများ ရှိခဲ့သော်လည်း အစ္စရေး လေတပ်သည် ဂါဇာဒေသအတွင်းရှိ အဆောက်အအုံများကို တစ်ညလုံး တိုက်ခိုက်ခဲ့ပြီး ဂါဇာဒေသအတွင်းမှ ရော့ကတ်များသည်လည်း အစ္စရေးနိုင်ငံအတွင်းသို့ ကျရောက်ခဲ့သည်။
ဂါဇာဒေသတွင်ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းဘက်မှ ကလေးသူငယ် ၃၁ ဦးအပါအဝင် သေဆုံးသူ ၁၂၆ ဦးအထိ မြင့်တက်လာခဲ့ပြီး ဒဏ်ရာရရှိသူ ၉၅၀ ဦးခန့်ရှိခဲ့သည်။
ပြည်တွင်းတွင် ဂျူး-အာရပ် ပဋိပက္ခကို ထိန်းချုပ်ရန် ကြိုးပမ်းနေရသည့် အစ္စရေးသည် ပါလက်စတိုင်းနယ်မြေများတွင်လည်း တိုက်ပွဲများနှင့် ရင်ဆိုင်နေရပြီး ယင်းအခြေအနေသည် မကြာသေးမီနှစ်များအတွင်းက မကြုံစဖူးအခြေအနေဖြစ်ခဲ့သည်။
ဂါဇာဒေသအတွင်းရှိ ဟားမာ့စ်နှင့် အခြားပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့များက ဂျေရုဆလင်ကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးသည် ဂါဇာဒေသကို မေလ ၁၀ ရက်က စတင်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
မေလ ၁၀ ရက်ကတည်းက ဂါဇာဒေသအတွင်းမှ အစ္စရေးနိုင်ငံသို့ ပစ်လွှတ်ခဲ့သည့် ရော့ကတ်ပေါင်း အစင်း ၂,၀၀၀ ကျော်ရှိခဲ့ပြီး ကလေးသူငယ် တစ်ဦးအပါအဝင် လူကိုးဦး သေဆုံးခဲ့ကာ လူပေါင်း ၅၆၀ ကျော်ဒဏ်ရာ ရရှိခဲ့သည်။
အစ္စရေး၏ တုံ့ပြန်တိုက်ခိုက်မှုများတွင် မေလ ၁၄ ရက်က ဟားမာ့စ်တို့၏ မြေအောက်လှိုဏ်ခေါင်းကွန်ရက်ကို ကြီးမားသည့် တိုက်ခိုက်မှုအပါအဝင် ပစ်မှတ်ပေါင်း ၈၀၀ နီးပါးကို ထိမှန်ခဲ့သည်။
တာဝါများနှင့် လူနေအိမ်များမှာ အလုံးစုံပျက်စီးသွားခဲ့ပြီး ဂါဇာဒေသအတွင်းရှိ မိသားစုများသည် နောက်ထပ် ဗုံးကြဲတိုက်ခိုက်မှုမဖြစ်ပွားမီ စာသင်ကျောင်းများနှင့် ဗလီများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။
မေလ ၁၄ ရက်အစောပိုင်းတွင် အစ္စရေး စစ်တပ်သည် ဂါဇာစီးတီး မြို့လယ်ရှိ ဟားမာ့စ်တို့၏ စစ်ဆင်ရေးရုံးကို တိုက်ခိုက်ခဲ့ပြီး မြေအောက်မှ ဒုံးကျည်ပစ်လွှတ်သည့်နေရာများကိုလည်း တစ်ညလုံး တိုက်ခိုက်ခဲ့သည်ဟု အစ္စရေး စစ်တပ်က ပြောကြားခဲ့သည်။
အရှေ့ဂျေရုဆလင်တွင် ပါလက်စတိုင်း ဆန္ဒပြသူများနှင့် အစ္စရေးတပ်ဖွဲ့ဝင်များကြား တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း ဂါဇာဒေသတွင် ယခုဖြစ်ပွားနေသည့် တိုက်ခိုက်မှုများသည် ၂၀၁၄ ခုနှစ်စစ်ပွဲပြီးနောက် အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်လာခဲ့သည်။
အနောက်ဘက်ကမ်းဒေသတွင်လည်း မေလ ၁၄ ရက်က အဓိကရုဏ်းများဖြစ်ပွားခဲ့ပြီး လူ ၁၁ ဦး သေဆုံးခဲ့သည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
