ချမ်းသာသည့် နိုင်ငံများအနေဖြင့် ကလေးသူငယ်များအား ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေမှုကို ရပ်တန့်ကြရန်နှင့် ၎င်းအစား ကာကွယ်ဆေးများကို ဆင်းရဲသည့်နိုင်ငံများအတွက် လှူပေးကြရန် WHO က မေ ၁၄ ရက်တွင် မေတ္တာရပ်ခံတောင်းဆိုလိုက်သည်။
COVID-19 ကပ်ဘေးနှင့် ရင်ဆိုင်နေရသည်မှာ နှစ်နှစ်ထဲသို့ ရောက်လာပြီဖြစ်ပြီး ပထမနှစ်ထက် ပိုပြီးလူသေဆုံးမှုများလာမည့်ပုံရှိသည်ဟုလည်း WHO အကြီးအကဲက သတိပေးခဲ့သည်။
ချမ်းသာသည့် နိုင်ငံအများစုတွင် ယခု ကလေးများနှင့် ဆယ်ကျော်သက်များအား ကာကွယ်ဆေးများ ထိုးပေးလျက်ရှိပြီး ဆင်းရဲသည့်နိုင်ငံများတွင်မူ ကျန်းမာရေးဝန်ထမ်းများနှင့် ရောဂါကူးရန် အလားအလာအများ ဆုံးလူများအား ကာကွယ်ဆေးထိုးနိုင်ရန် အနိုင်နိုင်ဖြစ်နေသည့်အတွက် WHO အကြီးအကဲ တက်ဒရို့စ်အက်ဒါနွမ်က ဒေါသထွက်နေခြင်းဖြစ်သည်။
ငယ်ရွယ်ကျန်းမာသူများအား ကာကွယ်ဆေးထိုးပေးမည့်အစား ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများအတွက် ကိုဗစ်ကာကွယ်ဆေးများ ဝေမျှပေးမည့် WHO ၏ COVAX အစီအစဉ်တွင် ဆေးများပါဝင်လှူဒါန်းပေးကြရန် မစ္စတာတက်ဒရို့စ်က တောင်းဆိုခဲ့သည်။
စိတ်မချမ်းသာစွာ မြင်တွေ့နေရသည်မှာ ကာကွယ်ဆေးများ သိမ်းကြုံးဝယ်ထားသည့် ချမ်းသာသည့်နိုင်ငံများတွင် ရောဂါကူး နိုင်ခြေနည်းသူများအထိ ကာကွယ်ဆေးထိုးလာကြသည်ကိုတွေ့ရပြီး ဝင်ငွေနည်း၊ ဝင်ငွေ အလယ်အလတ်ရှိသည့်နိုင်ငံများတွင်မူ ကျန်းမာရေးဝန်ထမ်းများကိုပင် ထိုးပေးရန် ဆေးအလုံအလောက် ရှိမနေဘဲဆေးရုံများတွင် အရေးပေါ်အသက်ကယ်ရန်လိုနေသူများဖြင့် ပြည့်နေသည်ဟု WHO အကြီးအကဲက ဆိုသည်။
အေအက်ဖ်ပီ သတင်းဌာန၏တွက်ချက်မှုအရ ကမ္ဘာတဝန်းတွင် ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၁.၄ ဘီလီယံနီးပါးထိုးနှံပြီးစီးခဲ့ပြီး ၎င်းအနက် ၄၄ ရာခိုင်နှုန်းက ဝင်ငွေမြင့်သည့်နိုင်ငံများတွင် ထိုးထားခြင်းဖြစ်ကာ ဝင်ငွေအနိမ့်ဆုံးနိုင်ငံ ၂၉ နိုင်ငံတွင် ထိုးနှံပြီးသည့်ဆေးအလုံးရေမှာ ၀.၃ ရာခိုင်နှုန်းသာ ရှိသေးသည်ဟု သိရသည်။
ယခုကဲ့သို့ ကာကွယ်ဆေးလက်လှမ်းနိုင်မှုတန်းတူမရှိပုံဖြင့် ယခင်နှစ်ထက်ယခုနှစ်တွင် လူသေဆုံးမှုပိုလာနိုင်ကြောင်းနှင့် အများပြည်သူ ကျန်းမာရေးစည်းကမ်းများနှင့် ကာကွယ်ဆေးထိုးခြင်းကို ပူးတွဲလုပ်ဆောင်ခြင်းသည်သာ တစ်ခုတည်းသော အသက်ကယ်နည်းဟု WHO အကြီးအကဲက ဆိုသည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် တရုတ်နိုင်ငံမှ စတင်ပေါ်ပေါက်လာသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယနေ့တစ်ကမ္ဘာလုံးတွင် သေဆုံးသူပေါင်း ၃.၃ သန်းကျော် ရှိလာပြီဖြစ်သည်။ အသက် ၅၆ နှစ်အရွယ်ရှိ မစ္စတာတက်ဒရို့စ်သည်လည်း WHO အခြေစိုက်ရာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ယခုတစ်ပတ် အစောပိုင်းက ကိုဗစ်ကာကွယ်ဆေးထိုးနှံခဲ့ပြီးဖြစ်သည်။
ကာကွယ်ဆေးထိုးထားပြီးသည့်တိုင် ကူးစက်မှုများသည့် နေရာများတွင် နှာခေါင်းစည်း ဆက်ဝတ်ဆင်ကြရန်လည်း WHO က အကြံပြုထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
