ဂျပန်နိုင်ငံတွင် COVID-19 ကပ်ရောဂါ ဆိုးဆိုးရွားရွား ခံစားနေရသည့်နောက်ထပ် စီရင်စုသုံးခုကို အရေးပေါ်အခြေအနေ ထုတ်ပြန်သွားမည်ဟု စီးပွားရေးဝန်ကြီး ယာဆူတိုရှီ နီရှီမူရာက မေ ၁၄ ရက်၌ ပြောကြားခဲ့ပြီး ယင်းကဲ့သို့ ရုတ်တရက်ထုတ်ပြန်ခဲ့ခြင်းသည် ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေသည့်အပေါ် စိုးရိမ်မှုများကြီးထွားနေမှုအပေါ် ရောင်ပြန်သက်ရောက်စေခဲ့သည်။
ဟော့ကိုင်းဒိုး၊ အိုကာရာမာနှင့်ဟီရိုရှီးမား စီရင်စုများသည် မေ ၃၁ ရက်နေ့အထိ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားသည့် တိုကျို၊ အိုဆာကာနှင့်အခြားစီရင်စု လေးခုနှင့်အတူ မေ ၁၆ ရက်၌ ပူးပေါင်းပါဝင်လာမည်ဖြစ်ကြောင်း ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးဆိုင်ရာ စည်းမျဉ်းများတာဝန်ခံ နီရှီမာရူက ပြောကြားခဲ့သည်။
အစိုးရက နောက်ထပ် စီရင်စု ငါးခုအတွက် တစ်ဝက်တစ်ပျက် အရေးပေါ်အခြေအနေထုတ်ပြန်ကြေညာရန် ပိုမိုဦးတည်ဆောင်ရွက်နေကြောင်း အစောပိုင်းကအဆိုပြုခဲ့သည်။
“ကျွမ်းကျင်သူများနဲ့ ပြုလုပ်တဲ့အစည်းအဝေးမှာ ရှုထောင့်များစွာကို ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်” ဟု နီရှီမာရူကအစည်းအဝေးအပြီး၌ သတင်းထောက်များကို ပြောကြားခဲ့သည်။
“ဒီရှုထောင့်တွေပေါ် အခြေခံပြီး ကျွန်တော်တို့ရဲ့ မူလတင်သွင်းမှုတွေကို ပြန်ရုပ်သိမ်းခဲ့ပြီး အသစ်ပြန်လည်လုပ်ဆောင်ခဲ့ကာ အဲ့ဒါကို အတည်ပြုခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဂျပန်တွင် တိုကျို အိုလံပစ်ပွဲတော်မကျင်းပမီ သီတင်းပတ် ၁၀ ပတ်အလိုတွင် ပိုမိုကူးစက်မြန် ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ပျံ့နှံ့မှုများကြောင့် အရေးပေါ်အခြေအနေကို တိုးမြှင့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးထုတ်ပြန်ခဲ့သည့် စည်းမျဉ်းများနှင့်အတူ ဂျပန်၏ စီရင်စု ၄၇ ခုမှ လူဦးရေ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသည့် စီရင်စု ၁၉ ခုသည် ည ၈ နာရီတွင် စားသောက်ဆိုင်များ၌ ထိုင်၍ စားသုံးခွင့်ပိတ်ပင်ခြင်းနှင့် ဘားများနှင့် စားသောက်ဆိုင်များတွင် အရက်ရောင်းချမှုများ ပိတ်ပင်ခြင်းအပါအဝင် ကန့်သတ်ချက်စည်းမျဉ်းများ ချမှတ်ခံထားရသည်။
နိုင်ငံ့လူဦးရေ၏ သုံးရာခိုင်နှုန်းသာ ကာကွယ်ဆေးထိုးနှံခဲ့ပြီးဖြစ်သော ဂျပန်နိုင်ငံသည် ချမ်းသာသောနိုင်ငံများအကြားတွင် ကာကွယ်ဆေး ထိုးနှံမှုအနှေးဆုံးဖြစ်နေစဉ် ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များသည် ယိုယွင်းတော့မည့်အခြေအနေသို့ ရောက်ရှိနေသည်ဟု ကျွမ်းကျင်သူများက သတိပေးခဲ့ကြသည်။
နိုင်ငံအတွင်း ကူးစက်ခံရသူအသစ်များ ဆက်လက်မြင့်တက်နေသောကြောင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်မှ တစ်နှစ်ကြာနောက်ဆုတ်ခဲ့ရသည့် နွေရာသီ အားကစားပွဲတော်ကျင်းပရန် ပြည်သူလူထု၏ ကန့်ကွက်မှုများသည် ဆက်လက်တည်ရှိနေသည်။
မာရသွန်အားကစား ပြိုင်ပွဲကျင်းပရန် စီစဉ်ထားသည့် ဟော့ကိုင်းဒိုး စီရင်စုုတွင် မေ ၁၃ ရက်၌ နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၁၂ ဦးရှိပြီး တိုကျိုမြို့တော်၌ ယင်းနေ့တွင် ကူးစက်ခံရသူ ၁,၀၁၀ ဦးရှိသည်။
ဂျပန်နိုင်ငံတစ်ဝန်းတွင် ဗိုင်းရပ်စ်အတည်ပြုလူနာပေါင်း ၆၅၆,၀၀၀ ဦးခန့်ရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၁၁,၁၆၁ ဦးရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
