တရုတ်နိုင်ငံ၏ တရားဝင်ထုတ်ပြန်မှု၌ သေဆုံးသူအရေအတွက်သည် ဖေဖော်ဝါရီ ၁၈ ရက်တွင် ၁၉၀၀ နီးပါး ရှိလာပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အကြောက်လွန်နေမှု၊ အခမ်းအနားများ ဖျက်သိမ်းမှုနှင့် သင်္ဘောဖြင့် ခရီးသွားမှုအပေါ် စိုးရိမ်မှု အစရှိသည့် ကိုရိုနာဗိုင်းရပ်စ်အသစ်အပေါ် ကမ္ဘာကြီး၏ တုံ့ပြန်မှုလွန်ကဲခြင်းများနှင့်ပတ်သက်၍ သတိပေးလိုက်ကြောင်း သိရသည်။
WHO က ရောဂါကူးစက်ရာ ဗဟိုချက်မနေရာ၏ အပြင်ဘက်တွင် ကူးစက်ခံရသူအနည်းငယ်မျှသာ ရှိပြီး သေဆုံးမှုနှုန်းမှာလည်း နှိုင်းရသဘောအရ နည်းပါးကြောင်း အထူးပြုပြောကြားခဲ့သော်လည်း ယခုအခါ ကူးစက်ခံရသူပေါင်းသည် တရုတ်နိုင်ငံ၌ ၇၂၀၀၀ ကျော်နှင့် အခြားနိုင်ငံများတွင် ရာနှင့်ချီရှိလာသည်။
တရုတ်နိုင်ငံအနေဖြင့် ရောဂါထိန်းချုပ်ရန် ကန့်သတ်ပိတ်ဆို့မှုနည်းလမ်းများ အကြီးအကျယ် ပြုလုပ်ခဲ့ရသောကြောင့် စီးပွားရေး ချည့်နဲ့သွားပြီး အိုင်ဖုန်းထုတ်လုပ်သူ Apple နှင့် သတ္ထုတွင်းကုမ္ပဏီကြီး BHP တို့ကဲ့သို့သော ကုမ္ပဏီကြီးများက အဆိုပါရောဂါကူးစက် ပျံ့နှံ့မှုသည် စာရင်းချုပ်လိုက်ပါက အကြီးအကျယ် ဆုံးရှုံးမှုရှိနိုင်သည်ဟု သတိပေးလိုက်မှုနှင့်အတူ ရောဂါကူးစက်ပျံ့နှံ့မှုက ကမ္ဘာ့စီးပွားရေးထိုးကျသွားရန် ခြိမ်းခြောက်လျက်ရှိသည်။
နိုင်ငံပေါင်းများစွာတို့က တရုတ်နိုင်ငံမှလာသည့် ခရီးသွားများကို ပိတ်ပင်ထားပြီး အဓိကလေကြောင်းလိုင်းများက လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းထားပြီး ကုန်သွယ်ရေးပွဲတော်များ၊ အားကစားပြိုင်ပွဲများနှင့် ယဉ်ကျေးမှုပွဲတော်များလည်း အနှောင့်အယှက် ဖြစ်ခဲ့ရသည်။
ဂျပန်ကမ်းလွန်တွင် သင်္ဘောတစ်စင်းပေါ်ရှိ ရာနှင့်ချီသည့် လူများ ရောဂါကူးစက်ခံရသောကြောင့် သင်္ဘောခရီးသွားလုပ်ငန်းမှာလည်း အာရုံစိုက်စရာဖြစ်လာခဲ့သည်။ ကမ္ဘောဒီးယားတွင်လည်း ခရီးသည်တစ်ဦး သင်္ဘောပေါ်မှ ဆင်းလာပြီးနောက် ရောဂါပိုးကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရသည်။
ခရီးသွားလာမှု ကန့်သတ်ပိတ်ပင်ခြင်းသည် မလိုအပ်ဟု ယခင်က ပြောကြားထားခဲ့သည့် WHO သည် သင်္ဘောခရီးစဉ်များကို ရပ်ဆိုင်းထားသင့်ကြောင်း အကြံပြုချက်ကို ပယ်ချခဲ့သည်။
“အနေအထားနဲ့ အချိုးညီတဲ့ နည်းလမ်းတွေကိုသာ လုပ်ဆောင်သင့်ပါတယ်။ ၀ါးလုံးရှည်နဲ့ သိမ်းကျုံးပြီးရမ်းတဲ့ နည်းလမ်းတွေက အထောက်အကူမပြုပါဘူး” ဟု WHO အကြီးအကဲ တက်ထရိုအက်ဟာနွန်ဂီဘရီ ယေဆက်ကဂျီနီဗာတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ရန် ထိရောက်သောနည်းလမ်းများကို လုပ်ဆောင်သည့် တရုတ်နိုင်ငံကို WHO က ချီးကျူးခဲ့သည်။
ဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် မမျှော်လင့်သော အားထုတ်မှုတစ်ရပ်အဖြစ် ဟူဘေးပြည်နယ်ကို နိုင်ငံ၏ ကျန်အစိတ်အပိုင်းများမှနေ၍ ပိတ်ဆို့ထားလိုက်ပြီး တရုတ်အာဏာပိုင်များက ဟူဘေးနှင့် ပြည်နယ်မြို့တော် ဝူဟန်ရှိ လူပေါင်း ၅၆ သန်းကို ခွဲခြားပိတ်ဆို့မှု အနေအထားအောက်သို့ ချထားလိုက်သည်။
တရုတ်နိိုင်ငံအနှံ့မှ ဒေသဆိုင်ရာအာဏာပိုင်များက ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ရပ်တန့်အောင် ကြိုးပမ်းသည့် နည်းလမ်းများကို ချမှတ်ဆောင်ရွက်ခဲ့ကြသည်။ ပေကျင်းမြို့၌ မြို့တော်သို့ ပြန်ရောက်လာသူအားလုံအနေဖြင့် ၁၄ ရက်ကြာ မိမိကိုယ်မိမိရောဂါ ခြေချုပ်ချထားရန် စည်းကမ်းတစ်ရပ် ချမှတ်ထားကြောင်း အစိုးရမီဒီယာများက ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
