လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၉၀ (ကီလိုမီတာ ၁၄၀) ကျော်ဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့သော မုန်တိုင်း Dennis ကြောင့် ဗြိတိန်ရှိဒေသအချို့၌ ၄၈ နာရီအတွင်း တစ်လလုံးစာ မိုးရေချိန်ပမာဏနှင့်ညီမျှသော ပမာဏအထိ မိုးရွာသွန်းခဲ့ကာ ဗြိတိန်တာဝန်ရှိသူများသည် အသက်အန္တရာယ်သတိပေးချက်များကို မကြုံစဖူးထုတ်ပြန်ခဲ့ရသည်။
ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိသော အင်္ဂလန်အနောက်ပိုင်း တင်ဘာရီဝဲလ်စ်မြို့ အနီးတွင် မုန်တိုင်းဒဏ်ကို တွေ့ကြုံခံစားခဲ့ရသည့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို သေဆုံးလျက်တွေ့ရှိခဲ့သည်။
အင်္ဂလန်ရှိ နေအိမ် ၄၀၀ ကျော်သည် ရေလွှမ်းမိုးခံနေရပြီး ရေဘေးသင့် အိမ်ထောင်စုများကို ကာကွယ်စောင့်ရှောက်ရန်နှင့် အထောက်အပံ့ပေးရန် အရေးပေါ်ကယ် ဆယ်ရေးဝန်ထမ်း ၁၀၀၀ ထက်မနည်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အေဂျင်စီအဖွဲ့မှ အလုပ်အမှုဆောင် ဂျိမ်းစ်ဘီဗန်က ဆိုသည်။
“ရေလျော့ကျသွားခြင်းမရှိသေးပါဘူး။ ရေကြီးမှုအန္တရာယ်သတိပေးချက်တွေကို အရေးပေါ် ထုတ်ပြန်ထားရဆဲပါ။ ယခု သီတင်းပတ်အတွင်း မြစ်ရေတွေ သိသိသာသာ လျှံလာတာကို ကျွန်တော်တို့မြင်တွေ့နေရပါတယ်” ဟု ဘီဗန်က ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၁၆ ရက်တွင် ဗြိတိန်၌ သဘာဝဘေးအန္တရာယ်သတိပေးချက်နှင့် တိုက်တွန်းနှိုးဆော်ချက် ၆၀၀ ကျော် ထုတ်ပြန်ထားရသည်။ မိုးသည်းထန်စွာရွာသွန်းမှု တစ်ရက်ကြာ ဖြစ်ပွားခဲ့ပြီးနောက် ဝေလတောင်ပိုင်းနှင့် အင်္ဂလန်အနောက်ပိုင်းရှိ ဒေသအချို့တို့တွင် ရေကြီးရေလျှံမှုများ အကြီးအကျယ်ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်က ဝင်ရောက်တိုက်ခတ်ခဲ့သော မုန်တိုင်း Ciara ကြောင့် အင်္ဂလန်မြောက်ပိုင်းတွင်လည်း ရေကြီးမှု ဖြစ်ပွားခဲ့ပြီး ထိုဒေသ၌ရှိသော မြစ်များတွင် ကမ်းပါးကျိုးပေါက်မှုများဖြစ်ပွားလာနိုင်ဖွယ် ရှိခြင်းကို စိုးရိမ်ထိတ်လန့်နေကြသည်။
ရေကြီးရေလျှံမှုကို ကာကွယ်တားဆီးရန်အတွက် လုံလောက်သော ငွေပမာဏကို အစိုးရအဖွဲ့က ပေးအပ်ထားကြောင်း၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု၏ သဘောသဘာဝနှင့် ရာသီဥတုဖောက်ပြန်မှု အခြေအနေများ ပိုမိုပြင်းထန်လာနေခြင်းတို့ကြောင့် အိမ်ထောင်စု တစ်စုချင်းစီကို သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးရန် မစွမ်းဆောင်နိုင်သေးကြောင်း အသစ်ခန့်အပ်ထားသော သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းကာကွယ်ရေးဝန်ကြီး ဂျော့်ဂျ်သြစတစ်က ဆိုသည်။
ဝေလ တောင်ပိုင်းရှိ မြစ်နှစ်စင်းသည် ဖေဖော်ဝါရီ ၁၆ ရက်တွင် ကမ်းပါးများ ကျိုးပေါက်သွားခြင်းကြောင့် နေအိမ်များထဲတွင် ပိတ်မိနေကြသော လူရာပေါင်းများစွာနှင့် ၎င်းတို့၏အိမ်မွေးတိရစ္ဆာန်များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ကယ်ဆယ်ရေးသမားများ ကြိုးပမ်းနေကြသည်။
မုန်တိုင်းဝင်ရောက်တိုက်ခတ်နေစဉ် Margate မြို့အနီးရှိ ပင်လယ်ပြင်၌ ရေယာဉ်ပေါ်မှ အမျိုးသားတစ်ဦးပြုတ်ကျခဲ့သည့် သတင်းပေးပို့ချက်ကို ရရှိခဲ့ပြီးနောက် ထိုရေယာဉ်ကိုရှာဖွေနေကြသော ရေတပ်နှင့် ရှာဖွေရေးအဖွဲ့များအား အကူအညီပေးရန် ရဟတ်ယာဉ်တစ်စင်းနှင့် ကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် အင်္ဂလန်တောင်ပိုင်းကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်တွင် အမျိုးသားအလောင်းနှစ်လောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဗြိတိန်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
