လူနှင့်ဆင် ပဋိပက္ခဖြစ်ပွားမှုများကြောင့် သေကျေ ထိခိုက်မှုများစွာရှိပြီး ဆင်များကျူး ကျော်ဝင်ရောက်ခြင်းမှ ကာကွယ်ရန် လျှပ်စစ်ခြံစည်းရိုး ကာရံခြင်းမှာ အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်က တော်ဝင်နှင်းဆီတွင် GBP (Grow Back For Posterity) အဖွဲ့အစည်းက ပြုလုပ်သည့် လူနှင့်ဆင် သင့်မြတ်ရေး သတင်းစာရှင်းလင်းပွဲမှ သိရသည်။
“လျှပ်စစ် ခြံစည်းရိုးက လူနဲ့ဆင် သဟဇာတ ဖြစ်ဖို့အတွက် နည်းလမ်းတစ်ခုပဲပေါ့နော်။ ဒါပေမယ့် လျှပ်စစ် ခြံစည်းရိုးကို ဒေသခံတွေက ကိုယ့်သဘောနဲ့ ကိုယ်မလုပ်ဖို့တော့ ကျွန်တာ်တို့ အမြဲတမ်းပြောတယ်” ဟု GBP၏ဥက္ကဋ္ဌ ကိုအောင်မျိုးချစ်က ပြောကြားသည်။
ဆင်များ ကျူးကျော်ဝင်ရောက်ခြင်းမှ ကာကွယ်ရန် အကောင်းဆုံး နည်းလမ်းမှာ လျှပ်စစ်ခြံစည်းရိုး ကာရံခြင်းဖြစ်ပြီး မိမိသဘောဖြင့် ပြုလုပ်သည့် အိမ်လုပ်လျှပ်စစ် ခြံစည်းရိုးမှာ လူနှင့်တိရစ္ဆာန်များကို အသက် သေသည်အထိ အန္တရာယ်ရှိနိုင်သောကြောင့် ကျွမ်းကျင်သူများ၏ အကူအညီဖြင့်သာ တပ်ဆင်သင့်ကြောင်း သိရသည်။
“တတ်သိ နားလည်တဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပါ။ ဝန်ကြီးဌာနရဲ့ ထောက်ခံချက် တွေယူပါ၊ ထွေအုပ်ရဲ့ ထောက်ခံချက်တွေယူဖို့ ကျွန်တော်တို့ အမြဲတမ်းပြောပါတယ်။ နည်းလမ်းမမှန်တဲ့ လျှပ်စစ် ခြံစည်းရိုးတွေက ဆင်လည်း သေစေနိုင်သလို လူလည်းသေစေနိုင်တယ်” ဟု ကိုအောင်မျိုးချစ်က ဆက်လက် ပြောကြားသည်။
ဆင်ရိုင်းများ နေထိုင်ကျက်စားရာ ဒေသများတွင် တောင်ယာများ ချဲ့ထွင်ခြင်း၊ အခြေချနေထိုင်လာ ကြခြင်းတို့ကြောင့် လူနှင့်ဆင် ပဋိပက္ခဖြစ်ပွားလျက်ရှိကာ နှစ်ဖက်စလုံးတွင် သေကျေထိခိုက်မှုများရှိကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ဆင်များ မူလနေထိုင်ရာ ဒေသများတွင် လာရောက်အခြေချ နေထိုင်ကြသည့် လယ်သမားအများစုမှာ တောဆင်ရိုင်းများနှင့် နီးနီးကပ်ကပ် နေထိုင်ဖူးသည့် အတွေ့အကြုံများ မရှိသည့်အတွက် ဆင်တို့၏ အမူအကျင့်များကို နားလည်ထားခြင်းဖြင့် မိမိတို့၏သီးနှံနှင့် နေအိမ်များဆုံးရှုံးရခြင်း၊ အသက်အန္တရာယ် ကြုံတွေ့ရခြင်းတို့မှ ရှောင်ရှားနိုင်မည့် နည်းလမ်းများကို GBP (Grow Back For Posterity) အဖွဲ့မှ ကျေးလက်ဒေသများသို့ သွားရောက်၍ ပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
လျှပ်စစ် ခြံစည်းရိုးများကို စပါးခင်း ပတ်လည်တွင် အသေတပ်ဆင်ထားလျှင် ထိန်းသိမ်း စောင့်ရှောက်ရမည့် စရိတ်ကုန်ကျနိုင် သကဲ့သို့ ဆင်များအတွက ်အနှောင့်အယှက် ဖြစ်စေနိုင်ပြီး လယ်သမားများ အနေဖြင့် စပါးစိုက်ရာသီ ရောက်မှသာ ယာယီခြံစည်းရိုးများကို ကာရံ၍ စပါးရိတ်သိမ်းပြီးပါက ခြံစည်းရိုးများကို ဖြုတ်၍ နောက်တစ်ရာသီ မရောက်မချင်း အိမ်တွင် သိမ်းဆည်းထားသင့်ကြောင်းသိရသည်။
ဆင်များ၏ တိုက်ခိုက်မှုကြောင့် နှစ်စဉ်လူများ ဒါဇင်နှင့်ချီ သေဆုံးနေရပြီး လူတို့၏ လက်စားချေမှုများကြောင့်လည်း ဆင်ကောင်ရေများစွာ အသက်ဆုံးရှုံး ရလျက်ရှိကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။
GBP (Grow Back For Posterity) အဖွဲ့အစည်းမှာ ၂၀၁၅ ခုနှစ်မှ စတင်ကာ ဆင်နှင့်လူ ပဋိပက္ခများ မဖြစ်ပွားစေရေးအတွက် ဆင်နှင့်လူ သဟဇာတဖြစ်ရေး၊ လျှပ်စစ်ခြံစည်းရိုးများ ဆောင်ရွက်ပေးနိုင်ရေး၊ အသိပ ညာပေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
