တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘက်သည် ခြစားမှုစွဲချက်များဖြင့် ရင်ဆိုင်နေရစဉ်အတွင်း ထောင်မှ အာမခံဖြင့် လွတ်မြောက်ခဲ့ပြီး တစ်နှစ်ခန့်အကြာတွင် အယူခံရုံးက ၎င်းကို လာဘ်ယူမှု၊ အလွဲသုံးစားလုပ်မှုနှင့် အခြားပြစ်မှုများအတွက် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခဲ့သောကြောင့် ဖေဖော်ဝါရီ ၁၈ ရက်တွင် ထောင်သို့ ပြန်လည်ခေါ်ဆောင်သွားခံခဲ့ရသည်။
အသက် ၇၈ နှစ်အရွယ်ရှိ လီမြောင်ဘက်သည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ် ကာလအတွင်း (သို့မဟုတ်) ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်မရမီ ကိုယ်စားလှယ်လောင်း ကာလအတွင်း ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် ဒဏ်ငွေ ဒေါ်လာ ၁၀.၉ သန်း ပေးဆောင်ရန်နှင့် နောက်ထပ် ဒေါ်လာ ၄.၆ သန်းကို ဒဏ်ကြေးအဖြစ် သိမ်းယူရန် ဆိုးလ်အထက်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
လီသည် တရားရုံးချုပ်တွင် အယူခံဝင်ရန် စီစဉ်ထားသည်ဟု ၎င်း၏ရှေ့နေများက ပြောကြားခဲ့သည်။ လာဘ်စားမှု၊ အလွဲသုံးစားလုပ်မှုနှင့် အခြားပြစ်မှုများအတွက် အပြစ်ရှိသည်ဟု စစ်ဆေးတွေ့ရှိခဲ့မှုကြောင့် အောက်တရားရုံးတစ်ခုက လီကို ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့သော်လည်း လီသည် တရားရုံးချုပ်တွင် အယူခံဝင်ခဲ့သည်။
အယူခံဝင်နေသည့် ကာလအတွင်း လီသည် ဒေါ်လာ ၈၄၁,၀၀၀ ဖြင့် အာမခံရရှိခဲ့ပြီး ထိန်းသိမ်းခံထားရမှုမှ ၂၀၁၈ ခုနှစ် မတ်တွင် လွတ်မြောက်ခဲ့ပြီး နေအိမ်အကျယ်ချုပ်သဘောနှင့် ဆင်တူသည့် တင်းကျပ်သည့် စောင့်ကြည့်မှု အခြေအနေဖြင့် နေအိမ်သို့ ပြန်ခွင့်ရရှိခဲ့သည်။ လီသည် တိုက်ရိုက်သက်ဆိုင်သည့် မိသားစုဝင်များနှင့် ရှေ့နေများကို ကျော်ပြီး လူထုနှင့် တွေ့ဆုံခြင်း၊ ဆက်သွယ်ခြင်းများကိုလည်း တားမြစ်ခံခဲ့ရသည်။
လီကို စွဲဆိုထားသည် စွဲချက်များတွင် Samsung နှင့် အခြားကုမ္ပဏီများထံမှ ဒေါ်လာ သန်းနှင့်ချီတန်သော လာဘ်ငွေများရယူမှု၊ တောင်ကိုရီးယား၏ ထောက်လှမ်းရေး အေဂျင်စီအတွက် ရန်ပုံငွေများကို အလွဲသုံးစားလုပ်မှုတို့ ပါဝင်သည်။ လီသည် ၎င်းပိုင်ဆိုင်သည့် ကားပစ္စည်းအစိတ်အပိုင်း စက်ရုံတစ်ခုမှ အသင်းအဖွဲ့နှင့် ဆိုင်သောရန်ပုံငွေများကို အလွဲသုံးစားလုပ်ခဲ့သည်ဟုလည်း အစိုးရရှေ့နေများ၏ အခိုင်အမာပြောကြားချက်ကိုလည်း တရားရုံးက လက်ခံခဲ့သည်။
လီသည် Hyundai ၏ စီအီးအိုတစ်ဦးဖြစ်ပြီး သမ္မတ မဖြစ်မီ ဆိုးလ်မြို့တော်ဝန် ဖြစ်ခဲ့သည်။ ၎င်း၏ ရွေးကောက်ပွဲအောင်နိုင်မှုသည် မြောက်ကိုရီးယားနှင့် ပြန်လည်သင့်မြတ်ရန် ကြိုးစားခဲ့သည့် ဆယ်စုနှစ်တစ်ခုကြာသော လစ်ဘရယ်အုပ်ချုပ်မှုကို အဆုံးသတ်စေခဲ့သည်။ လီသည် နိုင်ငံ၏ ဆိုးရွားသည့် စီးပွားရေးအခြေအနေကို ပြန်လည်ဦးမော့အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု မဲပေးသူများက မျှော်လင့်ခဲ့ကြသည်။
သို့သော် လီ၏ သမ္မတသက်တမ်းသည် နိုင်ငံရေးနှင့် ခြစားမှုအရှုပ်တော်ပုံတို့ကြောင့် အစွန်းအထင်းဖြစ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် စစ်သင်္ဘောတစ်စင်းနှင့် နယ်စပ်ကျွန်းတစ်ခုတွင် တောင်ကိုရီးယားနိုင်ငံသား ၅၀ သေဆုံးခဲ့ရသည့် တိုက်ခိုက်မှုများ အပါအဝင် မြောက်ကိုရီးယားနှင့် မုန်းတီးမှု အရှိန်မြင့်တက်ခဲ့သည်။
လီ၏ ရာထူးကို ဆက်ခံခဲ့သည့် ပက်ကွမ်ဟီးသည်လည်း သီးခြားခြစားမှု အရှုပ်တော်ပုံနှင့်ပတ်သက်ပြီး ထောင်ဒဏ် ဆယ်စုနှင့်ချီ ချမှတ်ခံခဲ့ရသည်။ ပက်သည် အာမခံ မလျှောက်ထားခဲ့ပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
