အာဖဂန်နစ္စတန် လက်ရှိသမ္မတ အာရှ်ရက်ဂါနီသည် သမ္မတရွေးကောက်ပွဲတွင် ဒုတိယမြောက် သက်တမ်းအတွက် အနိုင်ရခဲ့ကြောင်း ဖေဖော်ဝါရီ ၁၈ တွင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ရာ ၎င်း၏အခါးသီးဆုံး ပြိုင်ဘက်ဖြစ်သူ အဗ္ဗဒူလာအဗ္ဗဒူလာက ရွေးကောက်ပွဲရလဒ်များအား ချက်ချင်းစိန်ခေါ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အစိုးရတစ်ရပ် ဖွဲ့စည်းမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သောနှစ် စက်တင်ဘာ ၂၈ တွင် ကျင်းပခဲ့သည့် ထိုရွေးကောက်ပွဲ၏ရလဒ်၌ မဲသမာမှုများရှိနေကြောင်း အဗ္ဗဒူလာ၏ စွပ်စွဲမှုများကြောင့် မဲများ ပြန်လည်ရေတွက်ခဲ့ရမှုအပြီး ရှည်လျားသော နှောင့်နှေးမှုများစွာ ကြုံခဲ့ရပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဂါနီနှင့် တင်းမာသော အာဏာခွဲဝေရေး သဘောတူညီချက်အရ ဝန်ကြီးချုပ်အဆင့်နှင့် ညီမျှသော ရာထူးကို ထမ်းဆောင်နေသည့် အဗ္ဗဒူလာက ၎င်းတို့ကသာ အနိုင်ရခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် အစိုးရ ဖွဲ့ရန်ကြိုးပမ်းနေကြောင်း အဗ္ဗဒူလာ၏ထုတ်ပြန်မှုသည် ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲတွင် ဂါနီ အနိုင်ရခဲ့ပြီး ၎င်းက ရှုံးနိမ့်ခဲ့စဉ် အငြင်းပွားမှု အလွန်အမင်းမြင့်တက်ခဲ့သည့် အခြေအနေများကို ပြန်ပြောင်းအမှတ်ရစေခဲ့သည်။
ယင်းအချိန်ကမူ အဗ္ဗဒူလာအား ထောက်ခံသူများက အကြမ်းဖက်မှု ဖြစ်ပွားသောဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကြပြီး နောက်ဆုံးတွင် အမေရိကန်က ပြိုင်ဘက်နှစ်ဦးအကြား အချိုးမကျသော အာဏာခွဲဝေရေးသဘော တူညီချက်ရရှိစေရန် ကြားဝင်ညှိနှိုင်းပေးခဲ့သည်။ သို့သော် ငါးနှစ်အကြာ ယခုကာလတွင်မူ အဗ္ဗဒူလာသည် ထောက်ခံမှုမည်မျှရရှိထားကြောင်း ရှင်းရှင်းလင်းလင်း မသိရပေ။
သာမန်ပြည်သူများသည် အဗ္ဗဒူလာ သို့မဟုတ် ရွေးကောက်ပွဲလုပ်ငန်းစဉ်အား ပုံမှန်အားဖြင့် စိတ်ဝင်စားမှု မရှိတော့ဘဲ မဲဆန္ဒရှင်အများစုသည် ထိုင်းမှိုင်းပြီး ပုဂ္ဂိုလ်ရေးအရ ဦးစားပေးသော ပြီးခဲ့သောနှစ် ရွေးကောက်ပွဲ၌ မဲမပေးဘဲ နေခဲ့ကြသည်။
အတုအယောင်သမားများသည် သမိုင်းတွင် အရှက်ရစရာသူများဖြစ်ကြောင်းနှင့် မိမိတို့က အလုံးစုံပါဝင်သောအစိုးရကို ကြေညာကြောင်း အဗ္ဗဒူလာက ကြေညာခဲ့ပြီး ထိုရလဒ်များသည် ဒီမိုကရေစီအား အာဏာသိမ်းမှုဖြစ်ကြောင်း ရှုတ်ချခဲ့သည်။
တာလီဘန်အဖွဲ့ကလည်း ဂါနီ၏အနိုင်ရမှုအား ပယ်ချခဲ့ပြီး ယင်းသည် တရားမဝင်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ဆန့်ကျင်မှုဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဂါနီက အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော ရုပ်သံမှတ်ချက်များ၌ ၎င်း၏အစိုးရနှင့် လက်များသည် အာဖဂန်ပြည်သူအားလုံးကို တံခါးဖွင့်ထားကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သောနှစ် ရွေးကောက်ပွဲတွင် ဂါနီက ထောက်ခံမဲ ၅၀.၆၄ ရာခိုင်နှုန်းနှင့် အဗ္ဗဒူလာက ထောက်ခံမဲ ၃၉.၅၂ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ ဟာဝါအလမ်နူရီစတန်နီက ပြောကြားခဲ့သည်။
ကနဦး မဲ ၂.၇ သန်းအနက် တစ်သန်း နီးပါးသည် စည်းမျဉ်းနှင့်မညီသဖြင့် ဖယ်ရှားခံခဲ့ရသောကြောင့် မဲလာပေးသူအရေအတွက်သည် အာဖဂန်ရွေးကောက်ပွဲများအနက် အနည်းဆုံးပမာဏ မှတ်တမ်းဝင်သွားခဲ့သည်။
နောက်ဆုံးတွင် မဲ ၁.၈ သန်းကိုသာ ရေတွက်ခဲ့ရာ ယင်းသည် ခန့်မှန်းခြေ လူဦးရေ ၃၅ သန်းရှိ အာဖဂန်တွင် မဲပေးရန် မှတ်ပုံတင်ထားသူ ၉.၆ သန်းအနက် အလွန်အမင်း နည်းပါးသောပမာဏ ဖြစ်ခဲ့သည်။
တာလီဘန်အဖွဲ့၏ ခြိမ်းခြောက်မှု၊ မည်သည့်နိုင်ငံရေးသမားမဆို ဆွေမျိုးကောင်းစားရေးနှင့် အကျင့်ပျက်ခြစားမှုနှင့် ဆက်နွှယ်နေကြောင်း အဆိုးမြင်မှုများရှိနေမှုကြောင့် မဲဆန္ဒရှင်အများအပြားက ရွေးကောက်ပွဲအား ရှောင်လွှဲခဲ့ကြခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
