ဥရောပအတွက် မျိုးဆက်သစ် တိုက် လေယာဉ် ရှေ့ပြေးပုံစံတစ်ခု တည်ဆောက်ရေးအတွက် ပြင်သစ်နှင့်ဂျာမနီတို့က ဖေဖော်ဝါရီ ၂၀ တွင် သဘောတူခဲ့ကြရာ ထိုလုပ်ငန်းစဉ်များအား မည်သို့ခွဲဝေယူကြမည်နှင့်ပတ်သက်၍ အငြင်းပွားမှုများကြောင့် ကာလရှည်ကြာ နှောင့်နှေးနေသော စီမံကိန်းတစ်ခု အား အမှန်တကယ်စတင်လိုက်ပြီဖြစ်သည်။
Future Combat Air System က ဥရောပကာကွယ်ရေးအတွက် မိမိတို့၏ စိတ် ပိုင်းဖြတ်ထားမှုနှင့် ရည်မှန်းချက်ကို ပြသခဲ့ ကြောင်း ထိုသဘောတူညီချက်အား ဂျာမနီ ကာကွယ်ရေးဝန်ကြီး Annegret Kramp Karrenbauer နှင့်အတူ လက်မှတ်ထိုးသည့် အခမ်းအနားတွင် ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဖလောရင့်ပါလီက ပြောကြားခဲ့သည်။
ထိုနှစ်နိုင်ငံက အညီအမျှကျခံကြမည့် ယူရိုသန်း ၁၅၀ (ဒေါ်လာ ၁၆၂ သန်း) ကုန်ကျ မည့် ထိုသဘောတူညီချက်သည် ၂၀၂၆ ခုနှစ် ထက် နောက်မကျဘဲ ထိုစနစ်သစ်၏ ကွန်ရက် အခြေခံအဆောက်အအုံနှင့် ဒရုန်းများအား ပေါင်းစပ်ရေးအပြင် စတဲ့သ်နည်းပညာသုံး delta-wing တိုက်လေယာဉ်များ၏ ရှေ့ပြေးပုံစံများကို တည်ဆောက်ရန် ရည်ရွယ်သည်။
ယင်းသည် ၂၀၄၀ ပြည့်နှစ်တွင် လေယာဉ်သစ်များ တာဝန်ထမ်းဆောင်နိုင်ရေး အတွက်၂၀၃၀ ပြည့်နှစ်မတိုင်မီ ယူရို ၁၂ ဘီလျံ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားမှု၏ သေးငယ်သောပမာဏတစ်ခုသာဖြစ်ကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
ထိုရှေ့ပြေးပုံစံ တည်ဆောက်ရေး သဘောတူညီချက်အား ပြီးခဲ့သောနှစ် ဇွန် တွင် ပါရီလေကြောင်းပြပွဲ၌ လက်မှတ်ထိုးရန် စီစဉ်ခဲ့သော်လည်း ထိုစီမံကိန်းတွင် ပါဝင် သည့်ကုမ္ပဏီများအကြား လုပ်ငန်းခွဲဝေမှုနှင့် ပတ်သက်၍ သဘောကွဲလွဲမှု၊ ပြင်သစ်က ဦး ဆောင်မည်ကို ဂျာမနီက တင်းခံမှုတို့ကြောင့် လက်မှတ်မထိုးဖြစ်ခဲ့ပေ။
သို့သော် ဥရောပ၏ ခြားနားမှုကြီးမား သော စစ်တပ်များအား ပေါင်းစပ်နိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်တွန်းအားပေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုစီမံကိန်းအတွက် ပထမဆုံး ထောက်ပံ့ငွေများပေးရန် သဘော တူညီချက်ကို ဂျာမနီအမတ်များက ယခုလ အစောပိုင်းတွင် သဘောတူခဲ့ကြသည်။
ထိုတိုက်လေယာဉ်သစ်တည်ဆောက်မှုစီမံကိန်းတွင် ဥရောပလေကြောင်းအာကာသ ကုမ္ပဏီကြီး Airbus နှင့် ပြင်သစ်လေကြောင်း ကုမ္ပဏီကြီး Dassault တို့က ဦးဆောင်ကြမည်ဖြစ်ပြီး ပြင်သစ်ကုမ္ပဏီများဖြစ်သော Safran နှင့် Thales ၊ ဂျာမနီအင်ဂျင်ထုတ်လုပ်ရေးကုမ္ပဏီ MTU နှင့် ဥရောပဒုံးကျည် ပူးတွဲတည်ဆောက်ရေးကုမ္ပဏီ MBDA တို့ လည်း ပါဝင်ကြမည်ဖြစ်သည်။
လာမည့်လများအတွင်း စပိန်သည် ထို စီမံကိန်းတွင် ပူးပေါင်းမည်ဖြစ်ပြီး စမ်းသပ် စီမံကိန်းများအတွက် ထပ်တိုး ယူရို ၄၅ သန်း ထည့်ဝင်မည်ဖြစ်ကြောင်း ပြင်သစ်နှင့်ဂျာမနီ ကာကွယ်ရေးဝန်ကြီးများက အတည်ပြုခဲ့ကြသည်။ ပြင်သစ်၊ ဂျာမနီနှင့် စပိန်အစိုးရများ က ညီတူညီမျှ ပါဝင်ထားကြသော Airbus က စပိန်အစိုးရသည် ထိုစီမံကိန်းတွင် ပူး ပေါင်းပါဝင်ရန် စပိန်ကုမ္ပဏီ Indra ကို ရွေး ချယ်ခဲ့သဖြင့် ပြီးခဲ့သောနှစ် စက်တင်ဘာ တွင် မက်ဒရစ်အား ဝေဖန်ခဲ့သည်။
လက်ရှိမျိုးဆက် Rafale တိုက်လေယာဉ် များနှင့် Eurofighter တိုက်လေယာဉ်များ နေရာတွင် အစားထိုးရန် စီစဉ်ထားသော ထို အနာဂတ်တိုက်လေယာဉ်သစ် တည်ဆောက် မှုစီမံကိန်းတွင် ပါဝင်ရန် ဥရောပရှိ အခြား မည်သည့်နိုင်ငံကမျှ လက်မှတ်မထိုးသေးပေ။ ဥရောပနိုင်ငံအများအပြားသည် အမေရိကန် တိုက်လေယာဉ်များအား ဝယ်ယူထားကြပြီး ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
