မန်စီးတီးအသင်းသည် အမှတ်ပေးချန်ပီယံဖြစ်ပါက ကစားသမားများကို ချီးမြှင့်ပေးနေသည့် ဆုတံဆိပ်အရေအတွက်ကို တိုးမြှင့်ပေးရန်တောင်းဆိုခဲ့သော်လည်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ငြင်းဆန်ပယ်ချခဲ့သည်။
မန်စီးတီးအသင်းသည် အမှတ်ပေးချန်ပီယံဖြစ်ပါက ကစားသမားများကို ချီးမြှင့်ပေးနေသည့် ဆုတံဆိပ်အရေအတွက်ကို တိုးမြှင့်ပေးရန်တောင်းဆိုခဲ့သော်လည်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ငြင်းဆန်ပယ်ချခဲ့သည်။
မန်စီးတီးအသင်းသည် ၂၀၁၈-၁၉ ရာသီက ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုရရှိခဲ့ရာတွင် ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ဆုတံဆိပ်အရေအတွက်(၄၀)အထိ ထုတ်ပေးခဲ့သည်။
ယင်းအရေအတွက်မှာ အခြားချန်ပီယံဖြစ်ခဲ့သည့်အသင်းများထက် ပိုမိုများပြားသည့်အရေအတွက်ဖြစ်နေပြီး မန်စီးတီးအသင်း၏ နည်းပြ၊ နည်းပြအဖွဲ့ဝင်များနှင့် (၅)ပွဲနှင့်အထက်ကစားခဲ့သည့် ကစားသမားတိုင်းအတွက် ရရှိခဲ့ခြင်းလည်းဖြစ်သည်။
သို့ရာတွင် မန်စီးတီးအသင်းကမူ ယင်းကဲ့သို့ အနည်းဆုံး(၅)ပွဲကစားရမည်ဆိုသည့် စည်းမျဉ်းချမှတ်ထားမှုကို စိတ်ပျက်နေပြီး အသင်းနှင့်အတူ ပုံမှန်လေ့ကျင့်နေသည့် လူငယ်အသင်းမှ ကစားသမားများအတွက်ပါ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အသင်းနည်းပြ ဂွါဒီယိုလာသည် ပြီးခဲ့သည့်မေလကတည်းက ယင်းကိစ္စအတွက် ဝေဖန်ခဲ့ဖူးပြီး "တော်တော် စိတ်ပျက်စရာပဲ။ ကျွန်တော့်ကိုသာ ဆုတံဆိပ်တွေလာတောင်းရင် ကျွန်တော်ကတော့ ပေးလိုက်မှာပါ။ သူတို့လည်း ချန်ပီယံတွေပါပဲ။ သူတို့ဟာ ရာသီတစ်ခုစတင်တဲ့ ပထမဆုံးနေ့ကနေ နောက်ဆုံးနေ့အထိ လေ့ကျင့်ရေးကွင်းမှာ၊ အဝတ်လဲခန်းထဲမှာ အတူတူရှိနေတဲ့သူတွေပါ။ သူတို့ ကစားခွင့်မရဘူးဆိုတာလည်း ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကြောင့်ဖြစ်ပါတယ်။ ဒီလိုလူငယ်လေးတွေအတွက် ဆုတံဆိပ်၊ (၄၊ ၅) ခုလောက် ပိုပေးရမှာကို တွန့်တိုနေတာ နားမလည်နိုင်ပါဘူး"ဟု ဆိုခဲ့ဖူးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
