အာဆင်နယ်အသင်း၏ ဆွစ်ဇာလန်လက်ရွေးစင်ကွင်းလယ်လူ ချာကာသည် ကျောဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီးနောက် လီဗာပူးလ်အသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
အာဆင်နယ်အသင်း၏ ဆွစ်ဇာလန်လက်ရွေးစင်ကွင်းလယ်လူ ချာကာသည် ကျောဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီးနောက် လီဗာပူးလ်အသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
အသက် (၂၆)နှစ်ရှိ ချာကာသည် ကျောဒဏ်ရာကြောင့် ဘန်လေအသင်းအား (၂-၁)ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်ကို လွဲချော်ခဲ့သူဖြစ်ပြီး အန်ဖီးလ်ကွင်းတွင် လီဗာပူးလ်အား ရင်ဆိုင်ရမည့်ပွဲစဉ်တွင်မူ ကြံ့ခိုင်မှုအပြည့်ဖြင့် ပါဝင်လာမည်ဖြစ်သည်။
ထို့ပြင် အာဆင်နယ်အသင်းအတွက် ယခုရာသီတွင် လုံးဝမကစားရသေးသည့် ကွင်းလယ်လူ အိုဇေးလ်မှာလည်း လီဗာပူးလ်နှင့်ပွဲတွင် ပါဝင်လာဖွယ်ရှိနေကြောင်း သိရသည်။
အာဆင်နယ်နှင့် လီဗာပူးလ်တို့သည် ယခုရာသီပရီးမီးယားလိဂ်ပွဲစဉ် (၂) အပြီးတွင် ရာနှုန်းပြည့်နိုင်ပွဲရရှိထားသည့်အသင်းများဖြစ်ပြီး ဇူလိုင်လ (၂၄) ရက် (မြန်မာစံတော်ချိန် စနေည ၁၁:၀၀ နာရီ) တွင် ကစားမည်ဖြစ်သည်။
အာဆင်နယ်အသင်းသည် အန်ဖီးလ်ကွင်းတွင် ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် နောက်ဆုံး (၃) ရာသီဆက်တိုက် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
