အီကာဒီသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ရိုက်ကူးထားသည့်ဓာတ်ပုံများကို သြဂုတ် ၂၀ ရက်က Instagramတွင်တင်ထားပြီး "မီလန်မြို့မှာ အိမ်အသစ်ရတော့မယ်" ဟု ရေးသားထားခြင်းဖြစ်သည်။
အင်တာမီလန်အသင်းတိုက်စစ်မှူး အီ ကာဒီက အနာဂတ် မတည်မငြိမ်ဖြစ်နေသော်လည်း အသင်း၌သာ ဆက်နေဖြစ်ဖွယ်ရှိကြောင်း အရိပ်အြွမက်ပြောကြားခဲ့သည်။
အီကာဒီသည် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးမှု ကြန့်ကြာခြင်းကြောင့် ပြီးခဲ့သည့်နှစ် ရာသီဝက်ကာလကတည်းက အသင်းတာဝန်ရှိသူများနှင့် အဆင်မပြေဖြစ်နေပြီး ယခုနှစ် ရာသီကြိုခြေစမ်းပွဲများတွင်လည်း ပူးပေါင်းပါဝင်ခြင်းမရှိဘဲ တစ်ဦးတည်းသီးသန့် လေ့ကျင့်မှုပြုလုပ်ခဲ့သည်။
၎င်းအား မန်ယူ၊ နာပိုလီ၊ ဂျူဗင်တပ်စ် စသည့်အသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသော်လည်း အီကာဒီက မီလန်၌သာ ဆက်နေဖွယ်ရှိကြောင်း အရိပ် အြွမက်ပြောကြားခဲ့ခြင်းဖြစ်သည်။ အီကာဒီသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ရိုက်ကူးထားသည့်ဓာတ်ပုံများကို သြဂုတ် ၂၀ ရက်က Instagramတွင်တင်ထားပြီး "မီလန်မြို့မှာ အိမ်အသစ်ရတော့မယ်" ဟု ရေးသားထားခြင်းဖြစ်သည်။
ထို့အပြင် ၎င်းအနေဖြင့် ပုံမှန်ဝတ်ဆင်နေကျ နံပါတ် ၉ ကို တိုက်စစ်မှူးသစ် လူကာကူအား လွှဲပြောင်းပေးခဲ့ရသော်လည်း နံပါတ် ၇ ဝတ်ဆင်ကစားရန် ရွေးချယ်ထားကြောင်း Sport Mediaset သတင်းဌာနက ဖော်ပြခဲ့သည်။ ယခင်က နံပါတ် ၇ ကို ကွာရက်စ်မာ၊ ဖီဂို၊ ဇနက်တီ၊ ရော်ဘီကင်း၊ ကော်တင်ဟို၊ ကန်ဆယ်လိုတို့ ဝတ်ဆင်ခဲ့ဖူးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
