ပေါ်တူဂီအခြေစိုက် TVI ရုပ်သံနှင့် အင်တာဗျူးတွင် အနာဂတ်အစီအစဉ်နှင့် ကစားသမားဘဝမှ အနားယူမည့်အကြောင်း မေးမြန်းစဉ် စီရော်နယ်လ်ဒိုက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုက မိမိအနေဖင့် လာမည့်နှစ်တွင် ကစားသမားဘဝမှ အနားယူနိုင်ခြေရှိသလို အသက် ၄၀ အထိလည်း ဆက်ကစားနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
ပေါ်တူဂီအခြေစိုက် TVI ရုပ်သံနှင့် အင်တာဗျူးတွင် အနာဂတ်အစီအစဉ်နှင့် ကစားသမားဘဝမှ အနားယူမည့်အကြောင်း မေးမြန်းစဉ် စီရော်နယ်လ်ဒိုက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
"အဲဒီအကြောင်း ကျွန်တော်မတွေးထားပါဘူး။ လာမယ့်နှစ်မှာပဲ ကစားသမားဘဝကို စွန့်လွှတ်နိုင်ခြေရှိပါတယ်။ ဒါပေမဲ့ အသက် ၄၀ ဒါမှမဟုတ် ၄၁ နှစ်အထိလည်း ဆက်ကစားဖြစ်နိုင်ပါတယ်။ ဘယ်အချိန်မှာ ရပ်တန့်ဖြစ်မလဲ ဆိုတာတော့ ကျွန်တော်မသိပါဘူး။ ပျော်စရာအခိုက်အတန့်တွေကို ဆက်ပြီးပိုင်ဆိုင်ချင်ပါသေးတယ်" ဟု ၎င်းက ဆိုသည်။ ထို့ အပြင် တစ်ဦးချင်းစံချိန်မှတ်တမ်းများစွာ တင်ရှိထားခြင်းနှင့် ပတ်သက်၍ စီရော်နယ်လ်ဒိုက "ကျွန်တော့်ထက်ပိုပြီး စံချိန်တွေ တင်ထားနိုင်တဲ့ဘောလုံးသမား ဘယ်သူရှိလို့လဲ။ ကျွန်တော့်ထက် စံချိန်မှတ်တမ်းပိုများတဲ့ ဘောလုံးသမားရှိတယ်လို့တောင်မထင်ပါဘူး" ဟု ပြောကြားခဲ့သည်။
အသက် ၃၄ နှစ်ရှိပြီဖြစ်သည့် စီရော်နယ်လ်ဒိုသည် ၂၀၁၈ ခုနှစ် နွေရာသီတွင် ရီးယဲလ်အသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ယူရိုသန်း ၁၀၀ ဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး ၂၀၂၂ ခုနှစ်အထိ သက်တမ်းရှိသည့် လေးနှစ်စာချုပ် ချုပ်ဆိုထားသည်။ ၎င်းသည် ဂျူဗင်တပ်စ်အသင်းအတွက် ပထမဆုံးကစားခွင့်ရသည့်ရာသီမှာပင် စီးရီးအေပြိုင်ပွဲ၌ ၂၁ ဂိုးအပါအဝင် ပြိုင်ပွဲစုံ ၂၈ ဂိုးသွင်းယူ ပြီး အသင်း၏ ဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သည်။
ထို့ပြင် စီရော်နယ်လ်ဒိုသည် စီးရီးအေချန်ပီယံဆုနှင့် အီတလီစူပါဖလားနှစ်လုံး ဆွတ်ခူးရရှိခဲ့ရာ ဥရောပထိပ်တန်းလိဂ် သုံးခုဖြစ်သည့် ပရီးမီးယားလိဂ်၊ လာလီဂါနှင့် စီးရီးအေတွင် အမှတ်ပေးချန်ပီယံဆုရယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
