The Straits Times ၏ ဖော်ပြချက်အရ ၂၀၁၉ ကိုပါအမေရိကပြိုင်ပွဲ ချန်ပီယံ ဘရာဇီးလ်အသင်းသည် လာမည့်အောက်တိုဘာတွင် အရှေ့တောင်အာရှသို့ လာရောက်ပြီး ထိုင်းအသင်းနှင့် စင်ကာပူအမျိုးသားဘောလုံးကွင်းတွင် ခြေစမ်းပွဲကစားဖွယ်ရှိနေကြောင်း သိရသည်။
ထိုင်းဘောလုံးအဖွဲ့ချုပ် (FAT) သည် ဘရာဇီးလ်အသင်းနှင့် ခြေစမ်းပွဲကစားရန် စီစဉ်နေကြောင်း စင်ကာပူသတင်းစာ The Straits Times က ဖော်ပြခဲ့သည်။
The Straits Times ၏ ဖော်ပြချက်အရ ၂၀၁၉ ကိုပါအမေရိကပြိုင်ပွဲ ချန်ပီယံ ဘရာဇီးလ်အသင်းသည် လာမည့်အောက်တိုဘာတွင် အရှေ့တောင်အာရှသို့ လာရောက်ပြီး ထိုင်းအသင်းနှင့် စင်ကာပူအမျိုးသားဘောလုံးကွင်းတွင် ခြေစမ်းပွဲကစားဖွယ်ရှိနေကြောင်း သိရသည်။
FAT သည် အဆိုပါခြေစမ်းပွဲအတွက် ဘရာဇီးလ်ဘောလုံးအဖွဲ့ ချုပ်၊ စင်ကာပူဘောလုံးအဖွဲ့ချုပ်တို့ နှင့် ဆွေးနွေးနေကြောင်း The Straits Times က ဖော်ပြခဲ့သည်။
ထိုင်းအသင်းသည် အောက်တိုဘာ (၁၅) ရက်တွင် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့် ပွဲစဉ်အဖြစ် ယူအေအီးအသင်းနှင့်ကစားမည် ဖြစ်ပြီး အဆိုပါပွဲစဉ်မတိုင်မီ အောက်တိုဘာ(၁၁) ရက်တွင် ဘရာဇီးလ်အသင်းနှင့် ခြေစမ်းပွဲကစားရန် စီစဉ်နေခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
