အသက် (၁၉) နှစ်အရွယ်ရှိ ဆန်ချိုသည် CIES က ထုတ်ပြန်သည့် ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမားများစာရင်းတွင် ပေါင် (၁၄၅) သန်းဖြင့် အဆင့် (၅) နေရာတွင် ရပ်တည်နေသူဖြစ်သည်။
ဒေါ့မွန်အသင်းသည် မန်ယူအသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေသည့် အင်္ဂလန်လူငယ်တောင်ပံကစားသမား ဆန်ချိုကို တစ်ပတ်လစာ ပေါင် (၁၉ဝဝဝဝ) ဖြင့် နှစ်ရှည်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
အသက် (၁၉) နှစ်အရွယ်ရှိ ဆန်ချိုသည် CIES က ထုတ်ပြန်သည့် ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမားများစာရင်းတွင် ပေါင် (၁၄၅) သန်းဖြင့် အဆင့် (၅) နေရာတွင် ရပ်တည်နေသူဖြစ်သည်။
ဆန်ချိုကို ခေါ်ယူရန် မန်ယူအသင်းနှင့် PSG အသင်းတို့က စိတ်ဝင်စားနေကြပြီး ယခုအခါ ဒေါ့မွန်အသင်းက ယခင်လစာထက် (၃) ဆနီးပါးတိုးပေးကာ သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။
ဆန်ချိုသည် ၂၀၁၇ ခုနှစ်တွင် မန်စီးတီးအသင်းမှ ဒေါ့မွန်အသင်းသို့ ပေါင် (၈) သန်းဝန်းကျင်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၂ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်သည်။
ဒေါ့မွန်အသင်းသည် ဆန်ချိုကို တစ်ပတ်လစာ ပေါင် (၇၅ဝဝဝ)မှ ပေါင် (၁၉ဝဝဝဝ)အထိ တိုးမြှင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
