ဒီဟေးယားသည် ၂၀၁၆ ခုနှစ်မှစကာ စပိန်အသင်းတွင် နံပါတ် (၁) ဂိုးသမားအဖြစ် ပါဝင်ခွင့်ရခဲ့သော်လည်း နည်းပြသစ် ရောဘတ်မော်ရီနိုလက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသူဖြစ်သည်။
မန်ယူအသင်းဂိုးသမား ဒီဟေးယားသည် စပိန်လက်ရွေးစင်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန်အတွက် ချယ်လ်ဆီးဂိုးသမား ကယ်ပါနှင့် အပြိုင်လုရဖွယ်ရှိနေကြောင်း သိရသည်။
ဒီဟေးယားသည် ၂၀၁၆ ခုနှစ်မှစကာ စပိန်အသင်းတွင် နံပါတ် (၁) ဂိုးသမားအဖြစ် ပါဝင်ခွင့်ရခဲ့သော်လည်း နည်းပြသစ် ရောဘတ်မော်ရီနိုလက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသူဖြစ်သည်။
ရောဘတ်မော်ရီနိုသည် စပိန်အသင်း နောက်ဆုံးကစားခဲ့သည့် ပွဲစဉ် (၃) ပွဲတွင် ချယ်လ်ဆီးဂိုးသမား ကယ်ပါကိုသာ အသုံးပြုခဲ့သည်။
ရောဘတ်မော်ရီနိုက အသင်းတွင် ဂိုးသမားများ ပြိုင်ဆိုင်နေကြသည်ကို သဘောကျကြောင်း ပြောကြားခဲ့သည်။
ရောဘတ်မော်ရီနိုက "ကျွန်တော့်ရဲ့ ဂိုးသမားတွေက ဒီဟေးယား၊ ကယ်ပါနဲ့ လိုပက်ဇ်တို့ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဂိုးသမားတွေကြားမှာ ပြိုင်ဆိုင်မှုရှိတာကို သဘောကျပါတယ်။ ကယ်ပါဟာ ဒီဟေးယားထက် မသာလို၊ လိုပက်ဇ်ထက်လည်း ဦးစားပေးမဟုတ်ပါဘူး။ သူတို့ ကြားမှာ ပြိုင်ဆိုင်မှုရှိနေတာကို သဘောကျပါတယ်"ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
