မန်စီးတီးအသင်းကွင်းလယ်လူသစ် ရိုဒရီက မိမိအနေဖြင့် အသင်းတွင် အထိုင်ကျရန် ရုန်းကန်နေရကြောင်း ဝန်ခံပြောကြားခဲ့သည်။
မန်စီးတီးအသင်းကွင်းလယ်လူသစ် ရိုဒရီက မိမိအနေဖြင့် အသင်းတွင် အထိုင်ကျရန် ရုန်းကန်နေရကြောင်း ဝန်ခံပြောကြားခဲ့သည်။
အသက် (၂၃) နှစ်အရွယ်ရှိ စပိန်ကွင်းလယ်လူ ရိုဒရီသည် ယခုနွေရာသီအပြောင်းအရွှေ့တွင် အက်သလက်တီကိုအသင်းမှ မန်စီးတီးအသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း (၇၀) ဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။
၎င်းသည် မန်စီးတီးအသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ် (၂) ပွဲစလုံးတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိထားသူဖြစ်ပြီး ခြေစွမ်းပြကစားနေသူလည်း ဖြစ်သည်။
သို့သော် ရိုဒရီက မိမိအနေဖြင့် မန်စီးတီးအသင်းတွင် အထိုင်ကျရန်များစွာကြိုးစားနေရကြောင်းနှင့် ၎င်းကို ယုံကြည်မှုပေးခဲ့သည့် နည်းပြ ဂွါဒီယိုလာကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ရိုဒရီက "မန်စီးတီးအသင်းမှာ ပွဲထွက်ကစားခွင့်ရတာ ကျွန်တော့်အတွက် အရမ်းကောင်းပါတယ်။ မန်စီးတီးက တိုက်စစ်ဖွင့်ကစားတဲ့အသင်းဖြစ်လို့ ကျွန်တော့်အနေနဲ့ အသင်းမှာ အထိုင်ကျဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ အကောင်းဆုံးကြိုးစားနေပြီး နေ့တိုင်း သင်ယူမှုတွေ ပြုလုပ်နေပါတယ်။ ဒါပေမဲ့ နည်းပြ
ဂွါဒီယိုလာက ကျွန်တော့်ကို ယုံကြည်တဲ့အတွက် အရမ်းပျော်ပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းကို ကိုယ်ပုံစံနဲ့ ကူညီချင်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ အသင်းရဲ့ပုံစံနဲ့ ကစားပုံကို နားလည်ဖို့ ကျွန်တော် ကြိုးစားနေပါတယ်"ဟု အသင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
