ရိုးမားအသင်းသည် အသင်းနောက်ခံလူ ဖာဇီယိုအား (၂) နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
အသက် (၃၂) နှစ်အရွယ်ရှိ အာဂျင်တီးနားနောက်ခံလူ ဖာဇီယိုသည် စာချုပ်သစ်အရ ရိုးမားအသင်းတွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့အထိ ကစားရမည်ဖြစ်သည်။
ရိုးမားအသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ခဲ့သည့်အတွက် အလွန်ဝမ်းသာကြောင်း ဖာဇီယိုက ပြောကြားခဲ့သည်။
ဖာဇီယိုက "ဒါက ရိုးမားအသင်းနဲ့ ဒုတိယအကြိမ်မြောက် စာချုပ်သက်တမ်းတိုးခြင်းဖြစ်ပါတယ်။ အသင်းနဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းကျေနပ်ပါတယ်။ ရိုးမားအသင်းက ကျွန်တော့်အပေါ် ယုံကြည်မှုအပြည့်ရှိပြီး ဒါက ကစားသမားတစ်ယောက်အတွက် အလိုအပ်ဆုံးအရာလည်း ဖြစ်ပါတယ်။ ဒီအသင်းမှာ အချိန်အကြာကြီးဆက်ရှိလိုပြီး အကောင်းဆုံးပြန်လည်ပေးဆပ်သွားမှာပါ"ဟု ပြောကြားခဲ့သည်။
ဖာဇီယိုသည် ၂၀၁၇ ခုနှစ်တွင် စပါးအသင်းမှ ရိုးမားအသင်းသို့ ယူရို (၃.၂) သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၁၃၅) ပွဲတွင် (၁၁) ဂိုး သွင်းယူပေးခဲ့သည်။
ရိုးမားအသင်းအားကစားဒါရိုက်တာ ပက်ထရာချီက ဖာဇီယိုကို အသင်း၏အဓိကကစားသမားတစ်ဦးဖြစ်ပြီး သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ခဲ့သည့်အတွက် အလွန်ဝမ်းသာကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
