ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် လာမည့်တနင်္ဂနွေနေ့တွင် ကစားမည့် ဘက်တစ်နှင့် လာလီဂါပွဲစဉ်၌ ပါဝင်နိုင်ဖွယ်ရှိနေကြောင်း Goal.com က ဖော်ပြခဲ့သည်။
အသက် (၃၂) နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွင် ခြေသလုံးဒဏ်ရာရရှိခဲ့ပြီး ဘာစီလိုနာအသင်း၏ လာလီဂါအဖွင့်ပွဲစဉ်ကို လွဲချော်ခဲ့ရသည်။
ဘာစီလိုနာအသင်းသည် လာလီဂါအဖွင့်ပွဲစဉ်တွင် ဘီလ်ဘာအိုအသင်းကို (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အပြင် အသင်းတိုက်စစ်မှူး ဆွာရက်ဇ်မှာလည်း ခြေသလုံးဒဏ်ရာရှိခဲ့ပြီး (၁) လခန့်အနားယူရဖွယ်ရှိနေကြောင်း သိရသည်။
ထို့ပြင် တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီမှာလည်း တံကောက်ကြောဒဏ်ရာကြောင့် (၅) ပတ်ခန့်အနားယူရမည်ဖြစ်ရာ ဘာစီလိုနာအသင်းအနေဖြင့် တိုက်စစ်ပိုင်းတွင် ဂရီးဇ်မန်းတစ်ဦးတည်းသာ ကျန်ရှိတော့ကြောင်း သိရသည်။
သို့သော် မက်ဆီသည် အသင်းနှင့်အတူ လေ့ကျင့်ခန်းပြုလုပ်ခြင်းမရှိသေးသော်လည်း ဒဏ်ရာမှာ ပြန်လည်သက်သာလာပြီဖြစ်ပြီး ဘက်တစ်နှင့်ပွဲတွင် အရန်ကစားသမားအဖြစ် ပါဝင်ကစားဖွယ်ရှိနေကြောင်း Goal.com က ဖော်ပြခဲ့သည်။
ဘာစီလိုနာအသင်းသည် လာလီဂါအဖွင့်ပွဲစဉ်တွင် ဘီလ်ဘာအိုအသင်းကို ရှုံးနိမ့်ခဲ့သည့်အတွက် လာမည့်တနင်္ဂနွေနေ့တွင် အိမ်ကွင်း၌ ဘက်တစ်အသင်းကို အနိုင်ကစားနိုင်ရန် လိုအပ်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
