အင်တာမိုင်ယာမီအသင်း၏ ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်သည် ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်အား ၂၀၂၀ မေဂျာလိဂ်ပြိုင်ပွဲမတိုင်မီ ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း စပိန်အားကစားသတင်းစာ Mundo Deportivo က ဖော်ပြခဲ့သည်။
အင်တာမိုင်ယာမီအသင်း၏ ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်သည် ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်အား ၂၀၂၀ မေဂျာလိဂ်ပြိုင်ပွဲမတိုင်မီ ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း စပိန်အားကစားသတင်းစာ Mundo Deportivo က ဖော်ပြခဲ့သည်။
၂၀၂ဝခုနှစ် မေဂျာလိဂ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အင်တာမိုင်ယာမီအသင်းသည် လက်ရှိအချိန်တွင် ကစားသမား (၂) ဦးခေါ်ယူထားပြီး ပြိုင်ပွဲမတိုင်မီ ကစားသမားသစ်များ ထပ်မံခေါ်ယူသွားရမည်ဖြစ်သည်။
အသက် (၃၂)နှစ်ရှိ ဥရုဂွေးဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ်သည် ဘာစီလိုနာအသင်းနှင့်စာချုပ်သက်တမ်း (၂) နှစ်ကျန်ရှိနေသေးသူဖြစ်ပြီး ပြီးခဲ့သည့်ရာသီများအတွင်း ဒဏ်ရာမကြာခဏရရှိခဲ့ကာ ယခုရာသီအစပွဲစဉ်တွင်လည်း ခြေသလုံးဒဏ်ရာရရှိခဲ့၍ တစ်လခန့် အနားယူရဖွယ်ရှိနေသည်။
သို့ဖြစ်ရာ ဆွာရက်ဇ်အနေဖြင့် ယခုရာသီကုန်တွင် ဘာစီလိုနာအသင်းမှ ထွက်ခွာဖွယ်ရှိနေပြီး ၎င်းနှင့်ရင်းနှီးသည့်ဆက်ဆံရေးရှိသော ဘက်ခမ်ပိုင်ဆိုင်သည့် အင်တာမိုင်ယာမီအသင်းသို့ သွားရောက်ကစားဖွယ်ရှိနေသည်ဟု ဖော်ပြခဲ့သည်။
အင်တာမိုင်ယာမီအသင်းသည် ယခုလအစောပိုင်းကလည်း ဆွာရက်ဇ်၏လက်ရွေးစင်အသင်းဖော် PSG အသင်းတိုက်စစ်မှူး ကာဗာနီကို ခေါ်ယူရန်အတွက် ကြိုတင်သဘောတူညီမှုရရှိထားပြီဆိုသည့်သတင်းထွက်ပေါ်လာခဲ့သည်။
အင်တာမိုင်ယာမီအသင်းသည် လက်ရှိအချိန်အထိ တရားဝင်နည်းပြခန့်အပ်ခြင်းမရှိသေးသော်လည်း မန်ယူနည်းပြဟောင်း ဒေးဗစ်မွိုက်စ်က နည်းပြရာထူးအတွက် စိတ်ဝင်စားနေသည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက ဖွင့်ဟဝန်ခံခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
