ဘိုင်ယန်မြူးနစ်အသင်းသည် အသင်း၏လေ့ကျင့်ရေးအစီအစဉ်ကို လာရောက်ခဲ့ခြင်းမရှိဘဲ ပျက်ကွက်ခဲ့သည့် ကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်ကို ယူရို (၁၀၀၀၀) ဒဏ်ရိုက်ခဲ့ကြောင်း ဂျာမန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် အသင်း၏လေ့ကျင့်ရေးအစီအစဉ်ကို လာရောက်ခဲ့ခြင်းမရှိဘဲ ပျက်ကွက်ခဲ့သည့် ကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်ကို ယူရို (၁၀၀၀၀) ဒဏ်ရိုက်ခဲ့ကြောင်း ဂျာမန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
အသက် (၂၂) နှစ်အရွယ်ရှိ ပေါ်တူဂီကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်သည် ဘိုင်ယန်မြူးနစ် (၂-၂) ဟာဘာသာလင်ပွဲတွင် ပွဲချိန် (၅) မိနစ်သာ ကစားခွင့်ရခဲ့သည့်အတွက် အသင်းနည်းပြ ကိုဗက်ကို ဝေဖန်ခဲ့သဖြင့် အသင်းနှင့် ပြဿနာတက်နေသူဖြစ်သည်။
ရီနာတိုဆန်းချက်စ်သည် ဟာသာဘာလင်နှင့်ပွဲအပြီးတွင် ပြုလုပ်သည့် ဘိုင်ယန်မြူးနစ်၏အသင်းလေ့ကျင့်ရေးအစီအစဉ်ကို လာရောက်ခြင်းမရှိခဲ့ကြောင်း သိရသည်။
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကိုဗက်က ရီနာတိုဆန်းချက်စ်ကို ဒဏ်ရိုက်ကြောင်း အတည်ပြုခဲ့သော်လည်း ဒဏ်ကြေးပမာဏကိုမူ ထုတ်ပြောခဲ့ခြင်း မရှိခဲ့ပေ။
ကိုဗက်က "ရီနာတိုဆန်းချက်စ်ကို ဒဏ်ရိုက်တယ်ဆိုတာ မှန်ပါတယ်။ ဟာသာဘာလင်နဲ့ ပွဲအပြီးမှာ ပြုလုပ်တဲ့ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို ပျက်ကွက်ခဲ့တာကြောင့် ဆန်းချက်စ်ကို ဒဏ်ရိုက်ခဲ့တာပါ"ဟု ဆိုခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် ရီနာတိုဆန်းချက်စ်အား ဒဏ်ငွေမည်မျှရိုက်သည်ကို ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း ယူရို (၁၀၀၀၀) ဖြစ်သည်ဟု ဂျာမန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ရီနာတိုဆန်းချက်စ်သည် ဘိုင်ယန်မြူးနစ်အသင်းတွင် ပွဲကစားခွင့်နည်းပါးခြင်းကြောင့် အသင်းမှထွက်ခွာရန် ပြင်ဆင်နေပြီး ၎င်းအား ခေါ်ယူရန် လေဗာကူဆင်၊ ဟော်ဖန်ဟင်မ်နှင့် လိုင်လီအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
