ဖွံ့ဖြိုးပြီးစီးပွားရေးနိုင်ငံများတွင် ဈေးကွက်ဝင်ရောက်မှုမြှင့်တင်ရေးတို့၌ မူပိုင်ခွင့်အကာအ ကွယ်ပေးမှု၏အရေးပါပုံကို ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်က အလေးပေးပြောကြားခဲ့သည်။
ယမန်နေ့ အောက်တိုဘာ ၂၄ ရက်က ဆိုးလ်မြို့တွင်ကျင်းပခဲ့သည့် “၂၀၂၄ ခုနှစ် ကိုရီးယား-အာဆီယံမူပိုင်ခွင့်ဆိုင်ရာပူးပေါင်းဆောင် ရွက်မှုညီလာခံ”သို့တက်ရောက်၍ ဂုဏ်ပြုမိန့်ခွန်းပြောကြားရာ၌ ၄င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကိုရီးယားနိုင်ငံနှင့် အာဆီယံဒေသတို့တွင် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ပြည်တွင်းသု တေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဆောင်ရွက်မှုများကို တိုက်တွန်းအားပေးရေး၊ နည်းပညာများခေတ်မီတိုးတက်စေရေးတို့ကိုလည်း ပြောကြားခဲ့သည်။
ထို့ပြင် ဆန်းသစ်တီထွင်မှုများကို တိုက်တွန်းအားပေးရေးနှင့် အထူးသဖြင့် ဖွံ့ဖြိုးပြီးစီးပွားရေးနိုင်ငံများတွင် ဈေးကွက်ဝင်ရောက်မှုမြှင့်တင်ရေး၌ မူပိုင်ခွင့်အကာအကွယ်ပေးမှူ၏ အရေးပါပုံကိုလည်း အလေးထားပြောကြားခဲ့သည်။
ထို့အတူ မူပိုင်ခွင့်များဆိုင်ရာ သိကောင်းစရာများကို အများပြည်သူသိရှိနားလည်မှုမြှင့်တင်ရန် ခိုင်ခိုင်မာမာပူးပေါင်းဆောင်ရွက်မှုသည် ကိုရီးယားနှင့်အာဆီယံကြား သဘောတူထားသည့် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအောက်ရှိ ကတိကဝတ်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အဓိကကျသည့် အချက်တစ်ခုဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။
“၂၀၂၄ ခုနှစ် ကိုရီးယား-အာဆီယံမူပိုင်ခွင့်ဆိုင် ရာပူးပေါင်းဆောင်ရွက်မှုညီလာခံ”ကို ကိုရီးယားနှင့်အာဆီယံနိုင်ငံများတွင် မူပိုင်ခွင့်ဆိုင်ရာလက်ရှိအခြေအနေများကို အကဲဖြတ်သုံးသပ်ရန်နှင့် မူပိုင်ခွင့်ဆိုင်ရာကိစ္စများတွင် ကိုရီးယားနှင့်အာဆီယံ၏ ပုဂ္ဂလိကကဏ္ဍများကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် ပလက်ဖောင်းတစ်ခုထူထောင်ပေးရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
