မလေးရှားနိုင်ငံတွင် (၃)ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ် ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သွားရောက်ယှဉ်ပြိုင်ခဲ့ရာ Best Team Leader ဆုအား ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် အောက်တိုဘာ (၂၂)ရက်၊ အောက်တိုဘာ (၂၄)ရက်အထိ ကျင်းပခဲ့သည့် မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ် ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲ (Malaysia International Rescue Extrication Challenge-MIREC)တွင် မြန်မာနိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းအား ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ ဦးဆောင်မှုဖြင့် သွားရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို အိမ်ရှင် မလေးရှားနိုင်ငံအပါအဝင် မက္ကာအို၊ စင်ကာပူ၊ ဟောင်ကောင်၊ ဖိလစ်ပိုင်၊ မြန်မာ၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်စသည့် နိုင်ငံပေါင်း (၉) နိုင်ငံမှ အသင်း (၁၀) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ Best Team Leader ဆုအား ဆွတ်ခူးနိုင်ခဲ့ပြီး အောက်တိုဘာ (၂၅)ရက်၊ နေ့လယ် (၁)နာရီ၊ မိနစ် (၂၀) အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များမှ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။







-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
