၂၀၂၅ အာရှ ယူ-၁၇ ခြေစစ်ပွဲ အုပ်စုအဆင့် ဒုတိယအကျော့ခြေစမ်းပွဲစဥ်ကို ယမန်နေ့ အောက်တိုဘာ (၂၅)ရက်ညနေပိုင်းက မြန်မာနှင့် ဗီယက်နမ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်း ထပ်မံရှုံးနိမ့်ခဲ့ပြန်သည်။
ယနေ့ ပွဲစဉ်၌ ပထမပိုင်းပွဲချိန်တွင် နှစ်ဘက်အသင်း ဂိုးမသွင်းနိုင်ကြဘဲ ဒုတိယပိုင်းပွဲချိန်တွင် ဗီယက်နမ်အသင်းဘက် မှ၂ ဂိုး ဆက်တိုက်သွင်းယူ၍ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာယူ-၁၇အသင်းအနေဖြင့် ယီမင်အသင်းအား ၆ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ထားသလို ဗီယက်နမ်အသင်းကိုလည်း ၆ ဂိုး ၁ ဂိုးဖြင့် ရှူံးနိမ့်ထားသည်။
အုပ်စုနောက်ဆုံးပွဲစဉ်ကို အောက်တိုဘာ ၂၇ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃နာရီခွဲအချိန်၌ ကာဂျစ္စတန်အသင်းဖြင့် နေယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အာရှ ယူ-၁၇ ခြေစစ်ပွဲတွင် မြန်မာအသင်းအနေဖြင့် အုပ်စု (I)၌ ဗီယက်နမ်၊ ကာဂျစ္စတန်နှင့် ယီမင် ယူ-၁၇ အသင်းတို့တစ်အုပ်စုတည်းကျရောက်နေပြီး၊ ခြေစစ်ပွဲကို အုပ်စု ၁၀ စုခွဲ၍ ကျင်းပလျှက်ရှိပြီး အုပ်စု ပထမရရှိသည့် ၁၀ သင်း၊ အကောင်းဆုံး အုပ်စု ဒုတိယရသည့် ၅ သင်းတို့ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ကာ ၂၀၂၅ အာရှဖလားပြိုင်ပွဲကို ဆော်ဒအာရေဗျနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပုံစာ – အုပ်စုအဆင့် ဒုတိယအကျော့ဗီယက်နမ် -မြန်မာ ပွဲစဉ်အတွင်း ပုံရိပ်အချို့





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
