66kV ရွာမ-စိန်ပန်းမြိုင် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းမည် ဖြစ်သောကြောင့် အောက်တိုဘာ(၂၇)ရက်၊ နံနက်(၉)နာရီမှ နေ့လယ်(၁)နာရီ အချိန်ထိ အင်းစိန်၊ မင်္ဂလာဒုံနှင့် မရမ်းကုန်းမြို့နယ် ရပ်ကွက်နေရာအချို့တွင် ယာယီ ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန်သည်။
230kV ရွာမဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးထားသော 66kV ရွာမ-စိန်ပန်းမြိုင် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းကို မြို့နယ်စုဖွဲ့အင်အားဖြင့် အောက်တိုဘာ(၂၇)ရက်၊ နံနက်(၉)နာရီမှ နေ့လယ်(၁)နာရီထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
အဆိုပါ လုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်များရှိ ရပ်ကွက်နေရာအချိုတို့တွင် ယာယီ ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်သည်။
သို့သော် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှု မရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း YESC မှ အသိပေးထုတ်ပြန်လိုက်သည်။
အလားတူ ယနေ့ အောက်တိုဘာ(၂၆) ရက်တွင်လည်း မရမ်းကုန်းမြို့နယ်၊ 66kV စိန်ပန်းမြိုင်-တောင်ကမ္ဘာအေး ဓာတ်အားလိုင်းအား ပြောင်းရွှေ့တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်မည်ဖြစ်သောကြောင့် နံနက် (၁၁)နာရီမှ နေ့လယ်(၁)နာရီအတွင်းမှာလည်း မရမ်းကုန်းမြို့နယ်နှင့် ရန်ကင်းမြို့နယ်များ၏ ရပ်ကွက်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မည် ဖြစ်ကြောင်း YESC မှ ယမန်နေ့က အသိပေးထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
