ဖီနာဘာချီအသင်းနည်းပြ ဂျိုဆေးမော်ရင်ဟိုသည် အသင်းဟောင်း မန်ယူနှင့်ပွဲတွင် ကွင်းအတွင်းမှ ထုတ်ပယ်ခံခဲ့ရပြီး ယင်းဆုံးဖြတ်ချက်အတွက် ပြင်သစ်ကွင်းလယ်ဒိုင် ကလီမွန့်တူပန်ကို လှောင်ပြောင်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၄ ရက်က ယှဉ်ပြိုင်ကစားသည့် ယူရိုပါလိဂ်ပွဲစဉ်တွင် ဖီနာဘာချီ နှင့် မန်ယူအသင်း (၁-၁) ဂိုးစီ သရေကျခဲ့သည်။ ဒုတိယပိုင်းတွင် ဖီနာဘာချီနောက်ခံလူ အိုဆာယီဆမ်မြူရယ်ကို မန်ယူကွင်းလယ်လူ အူဂါတေက တားဆီးရာ ဒိုင်လူကြီးက ပယ်နယ်တီပေးရန် ငြင်းဆန်ခဲ့ပြီး VAR ကလည်း ဒိုင်ဆုံးဖြတ်ချက်ကို အတည်ပြုပေးခဲ့သည်။ ထို့ကြောင့် မော်ရင်ဟိုက ကန့်ကွက်ပြောဆိုရာ အနီကတ်ဖြင့် ထုတ်ပယ်ခံရခြင်းဖြစ်သည်။
သို့ဖြစ်ရာ မော်ရင်ဟိုက "သူက မယုံနိုင်စရာတစ်ခု ကျွန်တော်တို့ကိုပြောခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ပယ်နယ်တီဧရိယာထဲက ဖြစ်ရပ်ကိုရော၊ ကွင်းဘေးစည်းက ကျွန်တော့် အပြုအမူကိုရော သူမြင်နိုင်တယ်လို့ ကျွန်တော့်ကိုပြောတယ်။ ကျွန်တော် သူ့ကိုဂုဏ်ပြုပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့အမြင်အာရုံက မယုံနိုင်လောက်အောင်ဖြစ်နေလို့ပါ။ တစ်နာရီ မိုင် ၁၀၀ နှုန်းသွားနေတဲ့ ပွဲအတွင်းမှာ သူက မျက်လုံးတစ်ဖက်နဲ့ ပယ်နယ်တီအခြေအနေကိုရော၊ မျက်လုံးတစ်ဖက်နဲ့ ကျွန်တော့် အပြုအမူနဲ့ အရန်ခုံကိုရော မြင်နိုင်လို့ပါ။ အဲဒါက သူကျွန်တော့်ကိုပေးခဲ့တဲ့ ဖြေရှင်းချက်ပါပဲ။ ဒါကြောင့် သူက ကမ္ဘာ့အကောင်းဆုံး ဒိုင်တွေထဲက တစ်ဦးဖြစ်ပါတယ်" ဟု လှောင်ပြောင်ပြောကြားခဲ့သည်။
ထို့ပြင် အနီကတ်ပြစ်ဒဏ်ကို အယူခံဝင်မည်မဟုတ်ဟုလည်း မော်ရင်ဟိုက အတည်ပြုပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
