လီဗာပူးလ်နဲ့ပွဲကို ဒဏ်ရာပြဿနာကြောင့် ဆာကာနဲ့ ကာလာဖီအိုရီတို့လည်း လွဲချော်နိုင်ခြေရှိနေပါတယ်။ ဆာလီဘာကလည်း ပွဲပယ်ခံထားရပါတယ်။ အော်ဒီဂွါ၊ တင်ဘာတို့ကိုပါ ထည့်တွက်လိုက်ရင် လီဗာပူးလ်နဲ့ပွဲကို အာဆင်နယ်အသင်းရဲ့ အဓိကကစားသမား ၅ ယောက်လောက် လွဲချော်သွားနိုင်တဲ့ အခြေအနေပါ။ ဒါဟာ လက်ရှိအချိန်မှာ ပုံစံကောင်းပြနေတဲ့ လီဗာပူးလ်ကို ရင်ဆိုင်ရပိုခက်သွားနိုင်တဲ့ အခြေအနေပါ။ ကစားရမှာက အိမ်ကွင်း အီမရိတ်စ်ဆိုပေမဲ့ ယာဂန်ကလော့ပ်လက်ထက် နောက်ပိုင်းဆုံတွေ့မှုတွေမှာတော့ အာဆင်နယ်အတွက် အားသာချက် မဖြစ်ခဲ့ပါဘူး။ လာမယ့်ပွဲစဉ်မှာရော အာဆင်နယ်အမှတ်ပြည့်ရအောင် ယူနိုင်ပါ့မလား။ လောလောဆယ် ၄ မှတ်ကွာဟနေတဲ့ ပြိုင်ဘက်ဆီက အမှတ်လုယူဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်နေပေမဲ့ ဒါကို အာဆင်နယ်အသင်း လုပ်နိုင်ပါ့မလား။ ဒီပွဲက မန်စီးတီးအတွက် စိန်ခေါ်သူအစစ်က ဘယ်အသင်း ဖြစ်မလဲဆိုတာ ရွေးချယ်ပေးမယ့်ပွဲတစ်ပွဲလည်း ဖြစ်လာနိုင်ပါတယ်။ အာတီတာကတော့ သူ့ကို ယုံကြည်ပါလို့ ရဲရဲဝံ့ဝံ့ပြောကြားထားပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
