ရီးယဲလ်မက်ဒရစ်ဂန္ထဝင် ဂူတီက ယနေ့ကစားမည့် El Clasico ပွဲစဉ်တွင် အိမ်ရှင် ရီးယဲလ်မက်ဒရစ်အသင်းက ဘာစီလိုနာအသင်းကို အနိုင်ရမည်ဟု ခန့်မှန်းပြောကြားခဲ့သည်။
ယခုရာသီ လာလီဂါပွဲစဉ် ၁၀ အပြီးတွင် ဘာစီလိုနာအသင်းသည် ရမှတ် ၂၇ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေပြီး ရီးယဲလ်မက်ဒရစ်အသင်းက ရမှတ် ၂၄ မှတ်ဖြင့် ဒုတိယနေရာ၌ ရှိနေကာ ဘာစီလို နာအသင်းကို သုံးမှတ်အကွာဖြင့် ဖိအားပေး လျက်ရှိသည်။ ရီးယဲလ်မက်ဒရစ်အသင်းသည် လာလီဂါပွဲစဉ် ၁၁ အဖြစ် ယနေ့(စနေနေ့) တွင် ဘာစီလိုနာအသင်းကို အိမ်ကွင်း ဘာနေဗျူး၌ လက်ခံကစားရမည်ဖြစ်သည်။
အဆိုပါပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် အနိုင်ရခဲ့မည်ဆိုပါက ဘာစီလိုနာအသင်းနှင့် ရမှတ်တူညီသွားမည်ဖြစ်ပြီး Head-to-head ရလဒ်အရ အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းနိုင်မည် ဖြစ်သည်။ ထို့ကြောင့် အဆိုပါပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ် အသင်းအတွက်ရော ဘာစီလိုနာအသင်းအတွက်ပါ အလွန်အရေးပါသည့်ပွဲဖြစ်သည်။
ယခုအခါ ရီးယဲလ်မက်ဒရစ်ဂန္ထဝင် ဂူတီက ယနေ့ကစားမည့် El Clasico ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ဘာစီလိုနာအသင်းကို ခက်ခက်ခဲခဲကစားရမည် ဖြစ်သော်လည်း အနိုင်ရလိမ့်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ ဂူတီက "El Clasico ပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းက အနိုင်ရပါလိမ့်မယ်။ ကျွန်တော် ကျိန်းသေပြောရဲပါတယ်။ ဒါပေမဲ့ ရီးယဲလ်မက်ဒရစ်အနေနဲ့ ဘာစီလိုနာကို အလွယ်တကူ အနိုင်ရမှာ မဟုတ်ဘဲ ခက်ခက်ခဲခဲ ကစားရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ကစားတာ အရမ်းကောင်းနေလို့ပါ။ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ El Clasico ပွဲစဉ်က နှစ်ဖက်သွင်းဂိုးများစွာနဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။
ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့၏ တွေ့ဆုံမှုမှာ နာမည်ကျော် ကစားသမားများ ဖြစ်သည့် ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဘာပေနှင့် ဘာစီလိုနာလူငယ်တိုက်စစ်ကစားသမား ယမားလ်တို့ကြောင့် ပရိသတ်များကို ပိုမိုဆွဲဆောင်နေသည်။ ထို့ကြောင့် ဂူတီက El Clasico ပွဲစဉ်မှာ ဘာပေနှင့် ယမားလ်တို့ကြောင့် ပိုမိုစိတ်ဝင်စားစရာကောင်းပြီး လာလီဂါပြိုင်ပွဲမှာ ကစားသမားများအတွက် အကောင်းဆုံးလိဂ်ဖြစ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
"ဘာပေနဲ့ ယမားလ်တို့လို ကစားသမားတွေက ပြိုင်ပွဲကို ပိုပြီးဆွဲဆောင်မှု ရှိစေပါတယ်။ ဒါကြောင့် လာလီဂါပြိုင်ပွဲဟာ ကစားသမားတွေနဲ့ ကစားဟန်တွေအရ ကမ္ဘာပေါ်မှာ အကောင်းဆုံးလိဂ်ဖြစ်နေတာပါ။ လာလီဂါအသင်းတွေအနေနဲ့ ကမ္ဘာထိပ်တန်း ကစားသမားတွေကို ခေါ်ယူဖို့ လိုသလို၊ အကယ်ဒမီကနေ အကောင်းဆုံးကစားသမားတွေ မွေးထုတ်ပေးဖို့ လိုပါတယ်။ အခု ဘာစီလိုနာက ယမားလ်ကို မေးထုတ်ပေးခဲ့သလိုပေါ့"ဟု ဂူတီက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
