တိုင်းရင်းသားပေါင်းစုံမှီတင်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံတွင် ပြည်ထောင်စုစိတ်ဓာတ်ထားရှိရန်အလွန်အရေးကြီးသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
အောက်တိုဘာ ၂၅ ရက်နံနက်ပိုင်းက ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၆)မှ ကျောင်းသား၊ ကျောင်းသူများကို နစက ဥက္ကဋ္ဌရုံး၏ ငုရွှေဝါခန်းမ၌တွေ့ဆုံ၍ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၀)ကျော်မှီတင်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံ ဖြစ်သည်ဟု ဆိုသည်။
ပြည်ထောင်စုစိတ်ဓာတ်၏ အဓိပ္ပါယ်ကိုလည်း နစကဥက္ကဋ္ဌ က “မိမိတို့တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးဟာ “တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တို့အားလုံးသည် သွေးချင်းညီအစ်ကိုများဖြစ်ပြီး အရေးကြီးရင် သွေးနီးကြရမည်”ဆိုတဲ့စိတ်၊ “တောင်ပေါ်မြေပြန့်မခွဲခြား၊ တို့အားလုံးသည် သားချင်းများဖြစ်ကြပြီး နိုင်ငံတော်ကိုပူးပေါင်းကာကွယ်စောင့်ရှောက်ကြရမည်” ဆိုတဲ့စိတ်၊ “မရှိအတူ ရှိအတူ၊ အေးအတူ ပူအမျှ၊ ဥမကွဲသိုက်မပျက် အတူတကွ ချစ်ကြည်ရင်းနှီးစွာနေထိုင်ကြသည့် မိသားစုများ”ဆိုတဲ့ စိတ်ဓာတ်တွေပဲဖြစ်ပါတယ်” ဟု ပြောသည်။
ထို့ကြောင့် ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများကြားတွင် အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများတည်ဆောက်ရာ၌ အတွေးအခေါ်အယူအဆမှန်ကန်စွာဖြင့် စည်းစည်းလုံးလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန်လိုအပ်သည်ဟု မှာကြားသည်။
” အထူးသဖြင့် မိမိတို့စာပေပညာသင်ကြားပေးရမယ့် တိုင်းရင်းသားလူငယ်တွေကို ပြည်ထောင်စုစိတ်ဓာတ်ကိန်းအောင်းပြီး နိုင်ငံရဲ့ကောင်းကျိုးကိုသယ်ပိုးဆောင်ရွက်လိုတဲ့ မွန်မြတ်တဲ့စိတ်စေတနာကောင်းတွေ ထာဝရရှင်သန်ဖြစ်ထွန်းနေအောင် လေ့ကျင့်ပေးကြရပါမယ်”ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းမှာကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
