ပဲခူးမြို့တွင် မဟာတန်ဆောင်တိုင်ပွဲတော်အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ လူဦးရေ (၁၅၀၀၀)အား စတုဒိသာကျွေးမွေးခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များအပြင် မီးပုံးပျံလွှတ်ပွဲ၊ MSMEs ဈေးရောင်းပွဲတော်များ၊ ဖျော်ဖြေရေးယာဉ်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ မဟာတန်ဆောင်တိုင်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရာသီအလိုက်ပွဲတော်များကို အစဉ်အလာမပြတ် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးလျက်ရှိပြီး မဟာတန်ဆောင်တိုင် ပွဲတော်အား ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မဟာတန်ဆောင်တိုင်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
ပဲခူးမြို့တွင် တန်ဆောင်းမုန်းလပြည့်နေ့၌ လူဦးရေ (၁၅၀၀၀)အား စတုဒိသာကျွေးမွေးခြင်း၊ ဖျော်ဖြေရေး အစီအစဉ်များအပြင် မီးပုံးပျံလွှတ်ပွဲ၊ MSMEs ဈေးရောင်းပွဲတော်များ၊ ဖျော်ဖြေရေးယာဉ်ဖြင့် မြို့တွင်း လှည့်လည်ဖျော်ဖြေခြင်းများကို ထည့်သွင်းကျင်းပပေးသွားမည်ဖြစ်သောကြောင့် မီးပုံးပျံလွှတ်တင်သည့် လေလမ်းကြောင်း အတိုင်း မီးသတ်ယာဉ်အသင့်၊ လူအသင့်ဖြင့် စနစ်တကျ နေရာချထားသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင်ဘာသာရေးနှင့် ပတ်သက်၍ တန်ဆောင်တိုင်ကာလ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲများ၊ မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် အခြားသော အလှူအတန်းပွဲများကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးမည်ကြောင်း သိရသည်။
ပုံစာ – ပဲခူးတိုင်းအစိုးရအဖွဲ့ ဦးဆောင်၍ ပဲခူးမြို့၌ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် MSME ဈေးရောင်းပွဲတော် ကျင်းပသည့် မြင်ကွင်း
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
