မြောက်ဦးမြို့နယ်တွင် တိုက်ပွဲများ ကြောင့် နေရပ်စွန့်ခွာသူဆက်လက်ရှိနေပြီး လက်ရှိတွင် နေရပ်စွန့်ခွာကျေးရွာ ၁၀ ကျော်မှ လူဦးရေ ၃၀၀၀ ကျော်မှာ ဒုက္ခသည်စခန်းများ တွင်ခိုလှုံနေကြရကြောင်း စစ်ဘေးဒုက္ခသည် ကူညီကယ်ဆယ်ရေးအဖွဲ့များမှ သိရသည်။
ဒုက္ခသည်ထပ်မံတိုးလာသည့် စခန်းများ မှာ မြောက်ဦးမြို့နယ် စင်းဘောကိုင်းကျေးရွာ တွင် လူဦးရေ ၁၅၀၀ ဝန်းကျင်ထိရှိနေပြီးမြို့ ပေါ်ရှိစခန်းများတွင်လည်း ထပ်မံတိုးလာ ကြောင်း သိရသည်။ မြောက်ဦးမြို့နယ် စင်း ဘောကိုင်း၊ ခြိတ်ချောင်း၊ စေတီတောင်၊ အောက်သကန်၊ တိန်ညိုရွာသစ်စသည့် စခန်း များတွင် စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော်ရှိ လာပြီး မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများ၌ လာ ရောက် ခိုလှုံနေသူ ၁၀၀၀ ကျော်ထိရှိနေ ကြောင်း သိရသည်။
စစ်ဘေးရှောင်များကို ကူညီနေသည့် စစ်တွေကောလိပ် ကျောင်းသားဟောင်းအ ဖွဲ့မှ ဦးကျော်လှစိန်က “မြောက်ဦးမြို့နယ်မှာ လေးမြို့ချောင်း ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းပေါ့။ ပန်းမြောင်းဘက်ကမ်းတစ်ကြောမှာတစ် စုရှိတယ်။ ဒီဘက် ဆင်အိုးကြီး၊ ဆင်အိုးချေ လက်တစ်စုဆိုတော့ အားလုံးဆိုရင်ကျေးရွာ ပေါင်း ၁၀ ကျော်က လူဦးရေ ၃၀၀၀ ကျော်နေရပ်စွန့်ခွာနေကြတာဖြစ်ပါတယ်။ ဒုက္ခသည် တွေ မြောက်ဦးမြို့ပေါ်မှာ စခန်းငါးခုရှိ တယ်။ စခန်းတာဝန်ခံတွေဆီကို အလှူရှင်တွေ၊ အဖွဲ့ အစည်းတွေက လာလှူတာပါ။ အစိုးရက လှူတယ်ဆိုတာက စောင်တို့ အခင်းဖျာတွေ လောက်ပါပဲ။အနည်းအကျဉ်းပါပဲ”ဟု ပြော ကြားသည်။
လေးမြို့မြစ်ကမ်းတွင် တည်ရှိသော လေညှင်းတောင် ၊ ဗြုတ်ချောင်း၊ ခြိတ်ချောင်း၊ ဘုရားကြီး၊ မော်ရွာ စသည့် ကျေးရွာခုနစ်ရွာမှ ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရခြင်းဖြစ်ပြီး မြောက်ဦးမြို့ပေါ်ရှိ သျှစ် သောင်း၊ မြတန်ဆောင်း၊ လောကမူ၊ ရွှေ တောင်နှင့် ဘုရားပေါ်ဘုန်းကြီးကျောင်းတို့တွင် ခိုလှုံနေကြကြောင်းလည်း သိရသည်။
မြောက်ဦးမြို့ပေါ် ရွှေတောင်ဘုန်းကြီး ကျောင်းတွင် ယာယီဖွင့်လှစ်ထားသည့် ဒုက္ခ သည်စခန်းတွင် ခိုလှုံရောက်ရှိနေသည့် ဂုဏ်ကျွန်းကျေးရွာမှ စစ်ဘေးရှောင်တစ်ဦးက “ရွာ အနားတောင်ထက်မှာ စစ်တပ်က စခန်းတွေ ဆောက်နေလို့ကြောက်ပြီး ပြေးလာကြတာ ပါ။ မနေ့က ဒီကိုရောက်ပါတယ်။ ပထမတော့ မပြေးဘူးဆိုပြီးနေခဲ့ပေမဲ့ ရွာကလူတွေ တော် တော်များများလည်း ထွက်ပြေးကြတယ်။ နောက်တပ်မတော်ကလည်း ရွာနားမှာ စခန်း ချဖို့ အဆောင်တွေ တိုးဆောက်လာတော့ တိုက်ပွဲဖြစ်မှာစိုးရိမ်ပြီး ပြေးလာတာပါ” ဟု ပြောကြားသည်။
မတ် ၄ ရက်က မြောက်ဦးမြို့နယ် ဘုရား ကြီးရွာနှင့်မော်ရွာဟောင်းကြားတွင် တပ်မ တော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သဖြင့် မတ် ၅ ရက်မှစတင် ကာ ဂုဏ်ကျွန်းကျေးရွာအနီးသို့ တပ်မတော် စစ်ကြောင်းတစ်ခု ရောက်ရှိအခြေချနေသ ဖြင့် ကျေးရွာသားများ ကြောက်လန့် ထွက်ပြေး ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ လေးမြို့မြစ်အထက်ပိုင်း ခြိတ်ချောင်းကျေးရွာအုပ်စု အတွင်း မတ် ၈ ရက်နှင့် မတ် ၉ ရက်က တိုက်ပွဲများဖြစ်ပွား ခဲ့ကြောင်းနှင့် မြောက်ဦးမြို့နယ် လေးမြို့မြစ် အထက်ပိုင်း၌ မတ် ၄ ရက်ကစတင်ကာတိုက် ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ဒုက္ခသည်စခန်းများတွင်နေထိုင်နေကြသူ များအနေဖြင့် စစ်ပွဲငြိမ်းမှသာ နေရပ်ပြန်နိုင် မည့်အနေအထားဖြစ်သဖြင့် စစ်ဘေးဒုက္ခသည်ကူညီထောက်ပံ့ရေးအတွက်အကူအညီ များ လိုအပ်နေကြောင်းလည်း သိရသည်။
“သူတို့ နေရပ်ပြန်ရေးကတော့ နိုင်ငံရေး ပေါ်လစီအပေါ်မှာလည်း မူတည်နေတယ်လို့ ထင်တာပဲ။ ဒီစစ်ပွဲမရှိရင်တော့ ပြန်ကြမှာပဲ။ စစ်ပွဲကြိုးကြားကြိုးကြားဖြစ်နေရင်တော့ သူတို့ ပြန်ရဲမှာမဟုတ်ဘူး။ စစ်ပွဲငြိမ်းသွားရင်တော့ အကောင်းဆုံးပေါ့။ နှစ်ဖက်ညှိနှိုင်းပြီး ငြိမ်း ချမ်းရေးယူလိုက်ရင်တော့ အကောင်းဆုံးပေါ့။ပြည်သူတွေလည်း အေးအေးချမ်းချမ်းနဲ့ ကိုယ့် အိမ်ကိုယ့်ယာပြန်နိုင်ပြီး ကိုယ့်အလုပ်ကိုယ် နိုင်မှာပေါ့” ဟု ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
