တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ရှမ်း ပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်တွင် စစ်ဘေးရှောင် စခန်းနှစ်ခု ရှိလာပြီး စစ်ဘေး ရှောင်ပေါင်း ငါးရာကျော်တို့သည် ပြေးလွှား နေကြရပြီး စစ်ရှောင်စခန်းများတွင် စစ်ဘေး ရှောင်ခိုလှုံနေရသည်ဟု စစ်ရှောင်စခန်းများ ထံမှ သတင်းရရှိသည်။
ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ် တွင် နှစ်မိုင်ဝတ်ပေါင်ကျောင်းနှင့် လွယ်ပေါ် ဘုန်းတော်ကြီးကျောင်းတို့တွင် တိမ်းရှောင် နေရပြီး လွယ်ပေါ်ကျောင်းတွင် ၈၀ ကျော် ရှိပြီး နှစ်မိုင်ကျောင်းတွင် စစ်ရှောင်ပေါင်း ၄၆၅ ဦးတို့သည် စစ်ဘေးခိုလှုံနေရကြောင်း သိရသည်။ ရှမ်းပြည်မြောက်ပိုင်းသီပေါမြို့ နယ်အတွင်း လွယ်ပန်ခါးအရပ် ဘက်တွင် ၂ ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း ယနေ့ မတ် ၁၁ ရက် မနက်ပိုင်းအထိ အသံ များ ကြားနေရကြောင်း ဒေသခံများထံမှ သိ ရသည်။
“ကျေးသီးမှာ စစ်ဘေးရှောင်တွေ ရောက်နေတာ တကယ်ဟုတ်တယ်။ အခုက နှစ်ရက်နဲ့ သုံးရက်လောက်ရှိပြီ။ အဓိကတော့ စားဝတ်နေရေးပေါ့။ သူတို့ကလည်း ဘာမှ မရနိုင်ဘူး ပြေးထွက်လာတာရှင့်။ နမ့် လန်နဲ့ဝေးတယ်။ သီပေါ နယ်မြေထဲမှာ။ မိုင်းတုံကလည်း သီပေါ နယ်မြေထဲမှာ ကျေးသီး နဲ့ နီးလို့ကူးလာကြတာ။ စစ်ဘေးရှောင်တွေ က မန်လီတို့ မြောက်ပိုင်းမှာ နီးတဲ့နေရာသွားတာပေါ့။ တချို့က မိုင်းတုံဘက်မှာရှင့်”ဟု စစ်ဘေးရှောင်စခန်းကူညီကယ်ဆယ်ရေး အဖွဲ့ဝင် နန်းအွမ်ခမ်းက ပြောကြားသည်။
၂၀၁၉ ခုနှစ် မတ် ၈ ရက် မွန်းတည့် ချိန်မှစပြီး မွန်းလွဲပိုင်းအထိ သီပေါမြို့နယ်၊ ကျေးသီးမြို့နယ်နှင့် မိုင်းကိုင်မြို့နယ်စပ်အ ကြား လွယ်ပန်ခါးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မတ် ၁၁ ရက် မနက်ပ်ုိင်း အထိ အသံများ ကြားနေရကြောင်း၊ တပ်မတော်နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA တို့ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ကာ ဒေသခံပြည်သူများ သည် ကျေးသီးမြို့နယ်တွင်းသို့ ထွက်ပြေး တိမ်းရှောင်လာကြခြင်းဖြစ်သည်။
ထို့ပြင် မတ် ၁၀ ရက် ညနေခင်း ၄ နာ ရီအထိ တိုက်ပွဲရှောင် စခန်းအသီးသီးသို့ ရောက်ရှိနေကြသည့် တိုက်ပွဲရှောင်ပြည်သူ များစာရင်းမှာ သီပေါမြို့နယ်အတွင်း စစ် ဘေးရှောင် စခန်းခုနစ်ခုရှိပြီး အိမ်ထောင်စု ပေါင်း ၄၈၀၊ စစ်ဘေးရှောင်ပေါင်း ၂၁၃၃ ဦး ခိုလှုံနေကြရကြောင်း စစ်ဘေးရှောင်ကူညီ ကယ်ဆယ်ရေးကော်မတီထံမှ သတင်းရရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
