မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက် ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်ခြင်းကို နယ်စပ် နတ်မြစ်အတွင်း မတ် ၁၀ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ သိရသည်။
အဆိုပါရေမိုင်လှည့်ကင်းဆောင်ရွက်ခြင်းကို မတ် ၁၀ ရက် နံနက် ၁၀ နာရီ မိနစ် ၅၀ မှ ၁၁ နာရီခွဲအထိ ရေတွင်းပြင်ချောင်းဝအနီး နတ်မြစ်အလယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင်အမှတ် ၁၅ မှ သဲချောင်းချောင်းဝထိပ် ရေမိုင်အမှတ် ၁၈ အထိ နတ်မြစ်ကြောင်း အတိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လှည့်ကင်းကို မြန်မာနိုင်ငံဘက်မှ မောင်တောမြို့နယ် နယ်မြေ (၃)၊ အမှတ်(၁)နယ် ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကျီးကျွန်းရဲကင်းစခန်းမှ ရဲ အုပ်ကြည်စိုးဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ရေယာဉ်တပ်ဖွဲ့စု (မောင်တော) မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေးရေယာဉ် အမှတ် (၀၀၄) ပါ နှစ်စင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် မှ အမှတ် (၂) နယ်ခြားစောင့်တပ် Whykong ကင်းစခန်းမှူး Subedar Md.Syed Enayer Ali ဦးဆောင်သည့်အဖွဲ့က စက်တပ်ရေ ယာဉ်နှစ်စင်း၊ စုစုပေါင်းလေးစင်းတို့ဖြင့် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ် (၀၀၄) ပေါ်၌ နှစ်ဖက်ကင်း လှည့်သည့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
