အစိုးရအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့်အား ဥပဒေနှင့်အညီ လွတ်လပ်စွာပေးထားပြီး အဂတိလိုက်စားမှုနှင့် ပတ်သက်၍ သည်းခံခွင့်လွှတ်သည့် မူဝါဒမရှိဘဲ ဖိဖိစီးစီး ကိုင်တွယ်မည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
၎င်းက “အခုဒီဘက် အစိုးရမှာတော့ အထူးသဖြင့် ဦးအောင်ကြည် တာဝန်ယူပြီးတဲ့ နောက်ပိုင်းမှာ တော်တော်လေး ဖိဖိစီးစီး လုပ်လာတယ်။ အဲဒီအပေါ်မှာလည်း အစိုးရက ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ကိုလည်း လုပ်ပိုင်ခွင့် သူ့ဥပဒေနဲ့အညီ လွတ်လွတ်လပ်လပ် ပေးထားပြီးသား ဖြစ်တယ်။ အဲဒီတွေ့ဆုံပြီးတော့ မှာကြားတဲ့ဟာတွေလည်း ကျွန်တော်တို့ သတင်းတွေ ထုတ်ထားပါတယ်။ ဆိုလိုတာက ဒါကိုတော့ ဖိဖိစီးစီး ကိုင်တွယ်သွားမယ်။ နောက်ဒါနဲ့ပတ်သက်လို့ သည်းခံခွင့်လွှတ်တဲ့ မူဝါဒမရှိဘူး ဆိုတာလည်း ပြောကြားထားပြီး ဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ ကျွန်တော်တို့ ဆောင်ရွက်သွားဖို့ ရှိပါတယ်”ဟု ပြောကြားသည်။
မတ် ၁၁ ရက်က နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ပြုလုပ်သည့် NRPC နှင့် RCSS တို့ တွေ့ဆုံဆွေးနွေးပွဲအပြီး အဂတိလိုက်စားမှုနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“အစိုးရကတော့ အဓိကကတော့ အဂတိလိုက်စားမှုက ပြောထားပြီးသားပေါ့။ ပြောပြီးသားဆို မူလကတည်းကလည်း ပြောထားတယ်။ ပြောထားတာက ဘာလဲဆိုတော့ လုံးဝ ခွင့်မလွှတ်ဘူးဆိုတာ ပြောထားတယ်။ အခုလူကြီး တော်တော်များများက ကြုံတဲ့နေရာမှာလည်း ပြောပါတယ်။ သမ္မတကြီး ခရီးစဉ်၊ အတိုင်ပင်ခံ ခရီးစဉ်။ နောက် တခြားနိုင်ငံရေးဆိုင်ရာ မိန့်ခွန်းတွေပေါ့။ ဒီမိန့်ခွန်းတွေမှာလည်း ပြောပါတယ်။ ပြောတော့ကျတော့ ဒါကကျွန်တော်တို့ တိုင်းပြည်ပေါ့။ အသွင်ကူးပြောင်းရေး တိုင်းပြည်တွေမှာ တော်တော်လေး ခက်ခဲတဲ့ကိစ္စ ဖြစ်ပါတယ်။ ဆိုလိုတာက အဂတိ လုံးဝကင်းစင်တဲ့ အနေအထားရောက်ဖို့ဆိုတာက လူ့အဖွဲ့အစည်းပေါ့။ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု၊ နောက် စီးပွားရေးလုပ်ငန်းတွေ လည်ပတ်နေတဲ့ အနေအထားပေါ့။ နောက်တစ်ချက်က ကျွန်တော်တို့ Institution တွေ အားကောင်းဖို့၊ နောက်လူတွေရဲ့ ပညာရေးရေချိန် စသည်ဖြင့် အချိန်ယူပါတယ်။ အချိန်ယူရတဲ့အတွက် တော်တော်များများက နိုင်ငံတော်တော်များများကို ကျွန်တော်တို့ လေ့လာကြည့်တဲ့အချိန်မှာ တကယ့်ကို Good Government ဖြစ်သွားတဲ့ နိုင်ငံက အနည်းဆုံးအားဖြင့် ၁၀ နှစ်ကြာတယ်” ဟု ဦးဇော်ဌေးက ဆက်လက် ပြောကြားသည်။
လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်အား ဖမ်းဆီး ထိန်းသိမ်းထားပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားသည့်အတိုင်း စစ်ဆေးမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။
“လက်ရှိတော့ ထိန်းထားပြီပေါ့။ သူကတော့ ဥပဒေနဲ့အညီပေါ့။ အခု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားတဲ့အတိုင်း အဲဒီအတိုင်းပဲ ကျွန်တော်တို့က ထိန်းသိမ်းပြီးတော့ စစ်ဆေးတာတွေ လုပ်မှာပါ။ ကျွန်တော်တို့ ဟိုဘက်မှာလည်း ကျွန်တော်တို့ င်္ီFDA ညွှန်ချုပ် စစ်ဆေးသလိုပါပဲ။ ဒီအတိုင်းပဲ စစ်ဆေးမှာ ဖြစ်ပါတယ်”ဟု ဦးဇော်ဌေးက ဆက်လက်ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
