မြန်မာနှင့် သီရိလင်္ကာ နှစ်နိုင်ငံအကြား ကောင်စစ်ဆိုင်ရာကိစ္စရပ်များအပါအဝင် ဘာသာရေးနှင့် ယဉ်ကျေးမှုကဏ္ဍပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးတို့နှင့် ပတ်သက်၍ သီရိလင်္ကာနိုင်ငံ သမ္မတနှင့် သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သီရိလင်္ကာနိုင်ငံ သမ္မတ Mr. Anura Kumara Dissanayake အား သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မာလာသန်းထိုက်က ယမန်နေ့ အောက်တိုဘာ(၂၅)ရက်တွင် ကိုလံဘိုရှိ သမ္မတရုံးသို့ သွားရောက် ဂါရဝပြု တွေ့ဆုံခဲ့ရာတွင် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနှင့် သီရိလင်္ကာနှစ်နိုင်ငံအကြား ဘာသာရေးနှင့် ယဉ်ကျေးမှုကဏ္ဍပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး အလေးထား ဆွေးနွေးခဲ့ကြသည့်အပြင် ကောင်စစ်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနှင့် သီရိလင်္ကာနှစ် နိုင်ငံအကြား လက်ဖက်နှင့် အုန်း၊ Tropical Medicine တို့နှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာသံအမတ်ကြီးက တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
