မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေ က အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC Challenge League ပြိုင်ပွဲတွင် ပထမအဆင့်အနေဖြင့် အုပ်စုအဆင့်ကျော်လွန်နိုင် ရန် ကြိုးစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် ယင်းပြိုင်ပွဲတွင် အရှေ့အာရှဇုန်အုပ်စု (D) ၌ လာအိုကလပ် Young Elephants အသင်း၊ တရုတ်တိုင်ပေကလပ် တိုင်နန်စီးတီးအသင်းတို့နှင့် ကျရောက်နေသည်။ အရှေ့အာရှဇုန်တွင် အုပ်စုနှစ်ခုပါဝင်ပြီး အုပ်စုတစ်ခုမှ ထိပ်ဆုံးရပ်တည်နိုင်သည့်နှစ်သင်းစီ ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ ရှမ်းယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေက " ဒီပြိုင်ပွဲက နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ရတာဖြစ်တဲ့အတွက် ရလဒ်ကောင်းရရှိဖို့ ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့အသင်းက ပြည်ပပြိုင်ပွဲတွေဆို ရင် ရလဒ်မကောင်းခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ် ကစပြီး ဒါကိုသေချာပြင်ဆင်ခဲ့ပါတယ်။ ချက်ချင်းကြီးတိုးတက်လာဖို့ မလွယ်ကူပေမဲ့ ဒီရာသီမှာ တိုးတက်မှုတွေရှိလာပါတယ်။ ပြိုင်ဘက်အသင်းတွေကလည်း သက်ဆိုင်ရာနိုင်ငံတွေမှာ အကောင်းဆုံးအသင်းတွေဖြစ်တာကြောင့် ပိုပြီးကြိုးစားရမှာပါ။ ဒီပြိုင်ပွဲမှာ တွေ့ဆုံနေတဲ့ နှစ်သင်းစလုံးကလည်း အသင်းကောင်းတွေဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းက အိမ်ရှင်အသင်းဖြစ်တာကြောင့် ဒီပြိုင်ပွဲမှာ ရလဒ်ကောင်းရယူနိုင်ဖို့ ကြိုးစားမှာပါ။ ရာသီဝက်အပြောင်းအရွှေ့ကာလမှာ အသင်းရဲ့ လိုအပ်နေတဲ့ နေရာတွေကို အားဖြည့်ထားပါတယ်။ ဒီရာသီမှာယှဉ်ပြိုင်နေရတဲ့ ပြည်ပပြိုင်ပွဲတွေမှာ ထိုက်သင့်တဲ့ရလဒ် ရယူနိုင်ဖို့နဲ့ ပြည်တွင်းပြိုင်ပွဲမှာ စံချိန်တင်အောင်မြင်မှုတွေ ထပ်မံရယူနိုင်ဖို့ ကြိုးစားနေပါတယ်။ ရည်မှန်းချက်ပန်းတိုင်ရောက်အောင်သွားဖို့ အသင်းတာဝန်ရှိသူတွေ၊ အုပ်ချုပ်/နည်းပြ၊ ကစားသမားတွေအားလုံး ကြိုးစားနေပါတယ်" ဟု ပြောကြားခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုပွဲများအဖြစ် အောက်တိုဘာ ၂၇ ရက်တွင် လာအိုကလပ် Young Elephants အသင်း၊ နိုဝင်ဘာ ၂ ရက်တွင် တရုတ်တိုင်ပေကလပ် တိုင်နန်စီးတီးအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်း သည် ယခုရာသီတွင် AFC Challenge League ပြိုင်ပွဲအပြင် အာဆီယံကလပ်ချန် ပီယံရှစ်ပြိုင်ပွဲလည်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
