တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ၊ ဘုရားကြီးဝင်း အတွင်း၌ အထင်ကရ ပွဲတော်တစ်ခုဖြစ်သည့် (၁၁၂)ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော် နှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ပွဲကြီးကို (၅)ရက်တိုင်တိုင် ရှေးထားဝယ်ရိုးရာ အစဉ်အလာအတိုင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ထားဝယ်မြို့၏ ကျက်သရေဆောင် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီလှည့်လည်အပူဇော်ခံပွဲကို ကောဇာသက္ကရာဇ် ၁၂၇၁ ခုနှစ်မှစ၍ ကျင်းပလာခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်သီတင်းကျွတ်လဆန်း (၉) ရက်မှစ၍ မြို့ပေါ် ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဘုရားတစ်ဆူစီကို ကြိုတင်ပင့်ဆောင်ကြကာ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာများ၏ အဓိကကျသည့်နေရာများတွင် ကိန်းဝပ်စံပယ်တော်မူရန် ယာယီမဏ္ဍပ်များ ဆောက်လုပ်ကာ အပူဇော်ခံထားရှိကြောင်း သိရသည်။
ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်နှင့် ကျေးရွာများအတွင်းမှ စေတနာရှင်များက မိမိဒေသအတွင်း ယာယီကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓရုပ်ပွားတော်များအား နေအိမ်များသို့ အလှည့်ကျပင့်ဆောင်၍ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ပဒေသာပင်နှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကြသည့် အစဉ်အလာများလည်း ရှိကြောင်း သိရသည်။
အဆိုပါ ပင့်ဆောင်ထားကြသော နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များကို ပြန်လည်ပို့ဆောင်ကြကာ ဘုရားကြီးဝင်းအတွင်း၌ နှစ်စဉ်တန်ဆောင်မုန်းလဆန်း (၁၁) ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တန်ဆောင်တိုင်ကာလတွင် ရဟန်းရှင်လူပြည်သူများ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များကို ပူဇော်ကန်တော့ရန် ယာယီစံကျောင်းတော်ဖြင့်ထားရှိပေးထားမည်ဖြစ်သည်။
ထို့နောက် တန်ဆောင်မုန်းလဆန်း (၁၄) ရက် (နိုဝင်ဘာလ ၁၄ ရက်) နံနက် (၇) နာရီမှစတင်၍ (၁၁၂)ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်နှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ပွဲကြီးကို ဘုရားကြီးဝင်းအတွင်းမှ ထားဝယ်မြို့အတွင်းသို့ စည်ကားသိုက်မြိုက်စွာ ဒေသစာရီကြွချီ လှည့်လည်အပူဇော်ခံမည် ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
