တရုတ်-မြန်မာနယ်စပ် မူဆယ်ဂိတ်တွင် ကုန်စိမ်းပစ္စည်းမှ လွဲ၍ အခြားကုန်ပစ္စည်းများကို ယနေ့ အောက်တိုဘာ (၂၆) ရက်အထိ ယာယီတင်သွင်းခွင့်ပိတ်ထားဆဲဖြစ်သည်ဟု မူဆယ်မြို့ ဒေသခံကုန်သည်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။
မူဆယ်ဂိတ် ကုန်ပစ္စည်းတင်သွင်းခွင်းများပိတ်သည်ဆိုသည့် သတင်းကြောင့် မြို့တွင်း စက်သုံးဆီဝယ်ယူခွင်များကို အကန့်အသတ်ဖြင့်သာ ရောင်းချနေကြပြီး အချို့စက်သုံးဆီဆိုင်များ ပိတ်ထားကြောင်း ၎င်းက ဆိုသည်။
တရုတ်နိုင်ငံအစိုးရအနေဖြင့် စားသောက်ကုန်၊ စက်သုံးပစ္စည်း၊ ဆေးဝါးပစ္စည်း၊ လျှပ်စစ်ပစ္စည်း နှင့် ဆောက်လုပ်ရေး ပစ္စည်းတို့ကို တင်သွင်းခွင့် ယာယီ ကန့်သတ်သည့်အတွက် ဒေသတွင်းကုန်ဈေးနှုန်းများမြင့်တက်လာမည်ကို ဒေသခံများ အထူးစိုးရိမ်နေကြကြောင်း သိရသည်။
“အခုလူအဝင်အထွက်တွေတော့ရတယ်။ အဓိက ကုန်ပစ္စည်းတွေကို တင်သွင်းခွင့်မပြုတာပေါ့။ ကုန်စိမ်းတွေတော့ပေးဖြတ်ပေးမယ့် တရုတ်ဘက်ရော မြန်မာဘက်ကရော အရင်လိုမဟုတ်တော့ဘူး။ သေချာစိစစ်တယ်။ အသီးဖာတွေဆိုလည်း အရင်က အပေါ်ယံလောက်စစ်ဆေးတာ။ အခုက အကုန်ဖောက်စစ်တာ။ကုန်စိမ်းကားတွေဆို လေးငါးရက် ကြာတယ်။ တစ်စီးတစ်စီးထွက်ဖို့က မလွယ်ဘူး”ဟု ၎င်းက ရှင်းပြသည်။
မူဆယ်ဂိတ်တွင် ကုန်ပစ္စည်းတင်သွင်းခွင့် ကန်သတ်ထားခြင်းကြောင့် ဒေသခံများ တရုတ်ဘက်မှဝင်ရောက်လာမည့် စက်သုံးဆီ ပြတ်တောက်မည်ကို စိုးရိမ်သဖြင့် စက်သုံးဆီများ အလုအယက်ဝယ်ယူနေကြသော်လည်း အကန့်အသတ်ဖြစ်တာ ရောင်းချပေးနေသည်ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
“စက်သုံးဆီက အိမ်စီးကားဆို ငါးသောင်းဖိုးဘဲရောင်းပေးတယ်။ ဆီပုံးတွေနဲ့ တန်းစီတာမျိုး လာဝယ်တာမျိုးမရောင်းပေးဘူး။ အချို့ဆိုင်တွေဆို ပိတ်ထားကြတယ်”ဟု ဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံဘက်မှ ကုန်ပစ္စည်းကန့်သတ်တင်သွင်းခွင့်ပြုနေခြင်းကြောင့်ရေရှည်တွင် စားဝတ်နေရေး အတွက်စိုးရိမ်လာနေပြီး ကုန်ဈေးနှုန်း မြင့်တက်လာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
လက်ရှိတွင် တရုတ်- မြန်မာ နယ်စပ်ဂိတ်များတွင် ပုံမှန်အတိုင်း ကုန်စည်တင်သွင်းခွင့်ပြုဆဲ ဂိတ် (၆)ခု ရှိနေပြီး၊ ကုန်စည်တင်သွင်းခွင့် ပိတ်ထားသည့်ဂိတ် (၇)ခု၊ ကုန်စည်တင်သွင်းခွင့် ကန့်သတ်ထားသည့် ဂိတ် (၃)ခု စုစုပေါင်း ဂိတ် (၁၆) ခုရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
