လာမည့်နိုဝင်ဘာလတွင် “Yellow River-Mekong River Exchange Week 2024″ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာများပါဝင်ပြသရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
တရုတ်နိုင်ငံ၊ ရှန်တုန်းပြည်နယ်၊ တယ်ကျိုးမြို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်မှ (၁၄) ရက်အထိ Yellow River -Mekong River Exchange Week 2024 ကျင်းပမည်ဖြစ်သည်။
မြစ်ဝါမြစ်သည် တရုတ်နိုင်ငံ၏ အဓိကအသက်သွေးကြောဖြစ်ပြီး Qinghai၊ Sichuan၊ Gansu၊ Ningxia၊ Inner Mong oia၊ Shanxi၊ Shaanxi၊ Henan နှင့် Shandong တို့အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး (၉) ခုကို ဖြတ်သန်းစီးဆင်းလျက်ရှိရာ မဲခေါင်မြစ်သည်လည်း အာရှတိုက်၏ အရေးအကြီးဆုံမြစ်တစ်စင်းဖြစ်ပြီး အင်ဒို-ချိုင်နားကျွန်းဆွယ်ကို ဖြတ်ကာ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းလျက်ရှိကြောင်း သိရသည်။
၂၀၁၆ ခုနှစ်မှစ၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို စတင်ထူထောင်ခဲ့ရာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအတွက် စံပြဖြစ်ခဲ့၍ ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရှန်တုန်းပြည်နယ်၊ တယ်ကျိုးမြို့၌ Yellow River-Mekong River Dialogue ကို စတင်ခဲ့ပြီး မဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့် မြစ်ဝါဒေသပြည်နယ် တလျှောက်ရှိ ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြသည်။
ပထမအကြိမ် Yellow River-Mekong River Dialogue ကို တယ်ကျိုးမြို့၌ ကျင်းပခဲ့ပြီး ရှန်တုံးပြည်နယ်မှ 2024 Yellow River-Mekong River Dialogue ကို ၂၀၂၄ ခုနှစ်၊ မတ်လ (၁၁) ရက်တွင် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၌ အောင်မြင်စွာကျင်းပခဲ့ရာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနှင့် ညီအစ်မမြို့တော်ဆက်ဆံရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ခဲ့ကြောင်းလည်း သိရသည်။
ယခုအခါ Yellow River-Mekong River Exchange Week 2024 သို့ မြန်မာကိုယ်စားလှယ်များတတ်ရောက်လိုပါက ဖုန်း၊ +86 18812755775 နှင့် အီးမေးလ်၊ [email protected] ndong.cn သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] တို့သို့လည်း ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်း အသိပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
